Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်းတွင် ပဒေသာမိုင်းကြောင့် စစ်ကောင်စီတပ်မှ သုံးဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများဟု CNO ထုတ်ပြန်

ဖလမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို CNDFက တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့သည်။

(CNDFရဲ​​ဘော်များ ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CNO)

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ထောင်ထားသည့် မိုင်းမိ၍ စစ်ကောင်စီတပ်မှ သုံးဦးခန့်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)အကြမ်းဖက်စစ်ကောင်စီအတွက် ရိက္ခာပို့ပြီးအပြန် လမ်းကြောင်းလုံခြုံရေးယူပေးနေသော အကြမ်းစစ်ကောင်စီများတောလမ်းအတိုင်း သွားရောက်ကြစဉ် CNOလက်အောက်ခံ CNDFတပ်မှထောင်ထားသော မိုင်းပဒေသာတွဲလုံး အလုံး(၂၀)မိသောကြောင့် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများကြောင်း ဒေသခံများကို ကိုးကား၍ CNOက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီများသည် လှာန်ဇောလ်ကျေးရွာသားများ တောင်ယာတွင်ဖွက်ထားခဲ့သည့် မြစိမ်းရောင်ကျေးလက်စီမံကိန်းထံမှ ချေးယူထားထားသော ကျပ်သိန်း ၁၆၀အားခိုးယူသွားကြပြီး၊ ၎င်းလမ်းကြောတစ်လျှောက်ရွာများရှိ တန်ဖိုးရှိ ပစ္စည်းများ၊ တိရိစ္ဆာန်များခိုးယူသွားကြောင်းလည်း CNOက ထုတ်ပြန်သည်။

ထို့ပြင် ထင်းရှူးစခန်းအနီးရှိ ပြည်သူများမွေးမြူထားသော ငါးကန်အားလည်း ဖျက်စီးသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို CNDFက တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။