Connect with us

Hi, what are you looking for?

News

မုံရွာ PDFက စနိုက်ပါတစ်လက်ရပြီးနောက် ပင်လည်ဘူး PDFကလည်းလိုအပ်နေကြောင်း ပြည်သူထံ အကူအညီတောင်း

မန္တလေးမြို့မှ မိသားစုတစ်စုက ၎င်းတို့ထံ လှူဒါန်းသည့် စနိုက်ပါသေနတ်တစ်လက်ကို မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော သံမဏိအဖွဲ့(MPDF)က ယနေ့ထုတ်ပြလိုက်ပြီးနောက် ပင်လည်ဘူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း လူထုထံ အကူအညီတောင်းခြင်းဖြစ်သည်။

မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ပြည်သူတစ်ဦးက လှူဒါန်းသော စနိုက်ပါသေနတ်တစ်လက် ရောက်ရှိပြီးနောက် ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ယင်းကဲ့သို့သေနတ်မျိုး လိုအပ်နေကြောင်း ပြည်သူလူထုထံ အကူအညီတောင်းလိုက်သည်။

မန္တလေးမြို့မှ မိသားစုတစ်စုက ၎င်းတို့ထံ လှူဒါန်းသည့် စနိုက်ပါသေနတ်တစ်လက်ကို မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော သံမဏိအဖွဲ့(MPDF)က ယနေ့ထုတ်ပြလိုက်ပြီးနောက် ပင်လည်ဘူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း လူထုထံ အကူအညီတောင်းခြင်းဖြစ်သည်။

“ပင်လည်ဘူးအတွက်ရော ကူကြပါအုံး။ ခွေးစခန်းက ၄ထပ် RC ဖြစ်နေတော့ ဖြိုဖို့ခက်ခဲနေတာ၊ ခွေးတွေကလည်း ပုန်းစရာကောင်းနေတော့ ။ ဒီကောင်ကြီးနဲ့သာဆို ဘယ်လောက်မိုက်မလဲဗျာ” ဟု MPDF ပိုင်ဆိုင်ထားပြီဖြစ်သော သေနတ်ဓာတ်ပုံကိုပြ၍ ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကူအညီတောင်းထားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုဆီ ပူစာတာဗျာ။ ကျွန်တော်တို့ဆီမှာ စစ်ခွေးတွေက တိုက်အမြင့်တွေပေါ်တက်ပြီး လူထုကို ပစ်ခတ်နေတာ။ ဒီကောင်တွေကို ပြန်ပစ်ဖို့ ကျွန်တော်တို့ သေနတ်ကောင်းကောင်းလိုတယ်”ဟု ပင်လည်ဘူးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာနှင့် ပင်လည်ဘူးအပါအဝင် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးသည် စစ်ကောင်စီအား လက်နက် ကိုင်တော်လှန်ရာတွင် လက်တွဲညီကြပြီး ပြည်သူလူထု၏ ထောက်ခံမှုလည်း ရရှိထားပြီဖြစ်သည်။

“အမိမြေကို ချစ်ကြတာချင်းအတူတူ ကြောက်နေလို့လည်း မပြီးဘူးဗျ ။ကြောက်လို့ မကူဘဲနေရင် မြန်သင့်သလောက်မမြန်ဘဲ ကြာသွားမယ်”ဟု ပြည်သူက လှူသည့် စနိုက်ပါတစ်လက် ပူပူနွေးနွေး လက်ခံရရှိထားသည့် MPDFက ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။