Connect with us

Hi, what are you looking for?

News

ပူတာအိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်သတ်၍ လင်မယားနှစ်ဦး အသက်ဆုံးရှုံး

အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရသည့် လင်မယားနှစ်ဦးသည် မင်္ဂလာဆောင်ထားသည်မှာ လအနည်းငယ်သာ ရှိသေးသည်ဟု ဆိုသည်။ ပစ်သတ်ခံရသည့် လင်မယားနှစ်ဦးကို ယနေ့ သင်္ဂြိုလ်ရန် စီစဉ်နေသည်ဟု ကချင်သတင်းဌာန Kachinwaves ကလည်း ဖော်ပြသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ ဒေသခံလင်မယားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံများထွက်ပြေးတိမ်းရှောင်စဉ် (၂၀)ကျော်အရွယ် လင်မယားနှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ သူတို့ မိဘရွာနဲ့ သူတို့ရွာနဲ့ ပြန်လာတဲ့ လမ်းမှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံတာတဲ့။ ကြုံတဲ့အခါ ဆိုင်ကယ်နဲ့ထွက်ပြေးတာ။ အဲဒါ စစ်တပ်တွေက သူတို့ကို ရပ်ဖို့ပြောတာ ကြောက်တော့ ထွက်ပြေးတဲ့အခါမှာ အပစ်ခံရတာ။ အဲဒီမှာ အမျိုးသမီးက အရင်သေသွားတယ်တဲ့။ အမျိုးသားကလည်း အဲဒီ သေနတ်ဒဏ်ရာနဲ့ပဲဆုံးသွားတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရသည့် လင်မယားနှစ်ဦးသည် မင်္ဂလာဆောင်ထားသည်မှာ လအနည်းငယ်သာ ရှိသေးသည်ဟု ဆိုသည်။ ပစ်သတ်ခံရသည့် လင်မယားနှစ်ဦးကို ယနေ့ သင်္ဂြိုလ်ရန် စီစဉ်နေသည်ဟု ကချင်သတင်းဌာန Kachinwaves ကလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းကလည်း မြစ်ကြီးနားမြို့ပေါ်ရှိ ကားတစ်စီးအား လိုက်လံပစ်ခတ်ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။

“ဒီမြစ်ကြီးနားမှာဆိုရင် ၁၁ရက်နေ့ညမှာ သူတို့အနောက်ကနေ လိုက်ပစ်လို့ အမျိုးသမီးတစ်ယောက် ဆုံးသွားတယ်။ အဲဒီလို လုပ်နေတဲ့ဟာတွေက ကျွန်မတို့ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်ဖြစ်လာပြီ။ ဒီဟာက လူမဆန်တဲ့လုပ်ရပ်တွေ သူတို့တအားလုပ်နေတာ။အဲဒါကို စိတ်မကောင်းလည်းဖြစ်မိတယ်။ အဲဒီလို မျိုးအာဏာရှင် လက်အောက်ကနေ ကျွန်မတို့အမြန်ဆုံးလွတ်မြောက်ချင်ပြီ။ အပြစ်မရှိတဲ့ မိသားစုတွေက အခုလို ကြုံနေရတာ အမြန်ဆုံးလွတ်မြောက်ချင်ပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ကားပေါ်ပါ လူငယ်အချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားရာ ယခုအချိန်ထိ ပြန်လွှတ်ပေးသည့် သတင်းမကြားရသေးဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။