Connect with us

Hi, what are you looking for?

News

မကွေးတိုင်းအနောက်ပိုင်း ခုနစ်မြို့နယ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့ ကြေညာ

အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) ‌ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

(စစ်အာဏာရှင် ကျဆုံးရေးအတွက် မကွေးမြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်က လူဦးရေသောင်းချီ သပိတ်​မှောက် ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

မကွေးတိုင်းအနောက်ခြမ်းရှိ မြို့နယ်ခုနစ်မြို့ နယ်တွင် စစ်ရေးအရှိန်မြှင့်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့က အသိပေး ကြေညာချက်ထုတ်ပြန်သည်။

စစ်ရေးအရှိန်မြှင့်လာဖွယ်ရှိသည့် မြို့နယ်များတွင် မင်းဘူး၊ မင်းလှ၊ စလင်း၊ စကု၊ စေတုတ္တရာ၊ ငဖဲနှင့် မင်းတုန်းမြို့နယ်များပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ရေးအရှိန်မြှင့်လာဖွယ်ရှိလို့ ပြည်သူတွေဘေးကင်းစွာနေထိုင်ဖို့ အသိပေးတာပါ”ဟု အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ရှိ ရုံး၊ ဌာနများသို့ သွားရောက်ခြင်းမပြုကြရန်၊ ပေါက်ကွဲသံ၊ ပစ်ခတ်သံများကြားပါက သွားရောက်ကြည့်ရှူ့ခြင်းမပြုလုပ်ကြရန် ၎င်းက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF) ‌ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။