Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတက်ခွင့်မရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ဖနွမ်းပင်မှာစတင်

အစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစု လူကိုယ်တိုင်တက်ကြပေမယ့် ထိုင်းနဲ့ဘရူးနိုင်းနိုင်ငံ တို့ကတော့အွန်လိုင်းကတဆင့်တက်ကြမယ်လို့သိရပါတယ်။

ဓာတ်ပုံ − AKP

အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ခွင့်မရတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို ဒီနေ့ကစတင်ပြီး ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မှာကျင်းပနေပါပြီ။

ဓာတ်ပုံ − AKP

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ တည်ငြိမ်မှုရအောင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလေးထားဆွေးနွေးကြဖို့ရှိနေပါတယ်။

အစည်းအဝေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအများစု လူကိုယ်တိုင်တက်ကြပေမယ့် ထိုင်းနဲ့ဘရူးနိုင်းနိုင်ငံ တို့ကတော့အွန်လိုင်းကတဆင့်တက်ကြမယ်လို့သိရပါတယ်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဟာ လူကိုယ်တိုင်တက်ရောက်ဖို့ ဖနွမ်းပင်ကိုရောက်ရှိချိန် ကိုဗစ်စစ်ရာမှာပိုးတွေ့တာကြောင့် အွန်လိုင်းကနေ တက်ရောက်ရတာပါ။

Public Service Announcement

Public Service Announcement

ဒီအစည်းအဝေးဟာ ကမ္ဘောဒီယားနိုင်ငံက အလှည့်ကျအာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီး ပထမဆုံးကျင်းပတဲ့အစည်းအဝေးဖြစ်ပါတယ်။ ကနဦးကတော့ အစည်းအဝေးမှာ စစ်ကောင်စီကိုတက်ဖွင့်ရဖို့ကမ္ဘောဒီးယားဘက်က ကြိုးပမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊မလေးရှား ၊စင်ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့က အာဆီယံ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်မှု မရှိရင် စစ်ကောင်စီကို တက်ခွင့်မပြု ဘူးဆိုတဲ့ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ကို ဆက်လက်ကျင့်သုံးဖို့ တိုက်တွန်းခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီကို တက်ခွင့်မပြုတော့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာစေလွှတ်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်ကလည်း ဘယ်သူကိုမှ စေလွှတ်တော့မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုတာကတော့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို အာဆီယံက ကြားဝင်ဖြေရှင်းနိုင်ဖို့အတွက် ချမှတ်ထားတဲ့ အချက်တွေဖြစ်ပါတယ်။

ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်းက အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူညီချမှတ်ခဲ့တာပါ။

ဓာတ်ပုံ − AKP

ဒါပေမယ့် ဒီသဘောတူညီချက်တွေကို စစ်ခေါင်းဆောင်က အကောင်အထည်မဖော်ပေးတာကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုပေးမတက်ဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ − AKP

◉ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်

◾️အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့

◾️ သက်ဆိုင်သူတွေတွေ့ဆုံကြပြီး လူထုအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင်ဆွေးနွေးကြဖို့

◾️ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေး မှုတွေ အကောင်အထည်ဖော်နိုင်အောင်အာဆီယံ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့

◾️အာဆီယံအဖွဲ့ကြီးရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့

◾️ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ တို့ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။