Connect with us

Hi, what are you looking for?

News

တယ်လီနောသုံးစွဲသူတွေရဲ့အချက်အလက်တွေ စစ်ကောင်စီထံ လွှဲပြောင်းပေးမှု နော်ဝေးအစိုးရ မဟန့်တားနိုင်

“တယ်လီနောရဲ့ ပိုင်ရှင်အနေနဲ့ မြန်မာပြည်လုပ်ငန်းခွဲမှာများပြားလှတဲ့ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို စစ်ကောင်စီလက်ထဲ ရောက်မသွားအောင် မတားဆီးနိုင်ပါဘူး “လို့ နော်ဝေး စက်မှု ဝန်ကြီးက နော်ဝေးပါလီမန်ကိုတင်ပြခဲ့ပါတယ်။

တယ်လီနော မြန်မာသုံးစွဲသူတွေရဲ့ အချက်အလက်တွေ စစ်ကောင်စီထံ လွှဲပြောင်းပေးမှုကို တားဆီးပေးနိုင်မှာမဟုတ်ကြောင်း နော်ဝေး အစိုးရရဲ့စက်မှုဝန်ကြီးက မနေ့ ကပြောလိုက်ပါတယ်။

နော်ဝေးအစိုးရက အများစုပိုင်ဆိုင်တဲ့ တယ်လီနောဟာ မြန်မာနိုင်ငံလုပ်ငန်းခွဲကိုရောင်းချရာမှာ သုံးစွဲသူ ၁၈ သန်းကျော်ရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးတာကိုကြုံနေရတာပါ။

တယ်လီနောက အစိုးရ ရှယ်ယာတွေကို နော်ဝေးစက်မှုဝန်ကြီးဌာနက ကြီးကြပ်တာဖြစ်ပါတယ်။

“တယ်လီနောရဲ့ ပိုင်ရှင်အနေနဲ့ မြန်မာပြည်လုပ်ငန်းခွဲမှာများပြားလှတဲ့ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို စစ်ကောင်စီလက်ထဲ ရောက်မသွားအောင် မတားဆီးနိုင်ပါဘူး “လို့ နော်ဝေး စက်မှု ဝန်ကြီးက နော်ဝေးပါလီမန်ကိုတင်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သုံးစွဲသူတွေကို ကြားဖြတ်စောင့်ကြည့်နားထောင်တဲ့ နည်းပညာ အသုံးပြုဖို့ စစ်ကောင်စီထံက အဆက်မပြတ် ဖိအားတွေပေးလာတဲ့အခါ လုပ်ငန်းကိုရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာဖို့တယ်လီနောက ကြိုးပမ်းခဲ့တာပါ။

မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အလုံခြုံဆုံးနည်းလမ်းကတော့ လုပ်ငန်းကိုရောင်းချဖို့ ပဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို တယ်လီနောက မနေ့က အကြောင်းပြန်တဲ့အီးမေးလ်မှာဖော်ပြထားပါတယ်။

” ကျွန်တော်တို့တွေ မြန်မာနိုင်ငံကနေ ထွက်ခွာတာကို ပြိုင်ဘက်အချို့က နားလည်ပေးပါတယ် ၊ဒါပေမယ့် နောက်ပိုင်ရှင် ဆီ မရောက်ခင် လုပ်ငန်းပိတ်ဖို့ ၊အချက်အလက်တွေကို ဖျက်ပစ်ဖို့ တောင်းဆိုကြပါတယ်” လို့ တယ်လီနောကဆိုထားပါတယ်။

ဒါပေမယ့် ဝန်ထမ်းတွေအပေါ် သိသာတဲ့ အန္တရာယ်တွေ မကျရောက်စေဘဲ ဒီလိုတောင်းဆိုတာတွေကို လုပ်ဆောင်လို့မရကြောင်း နဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေ ၊ ဒေသန္တရ အမိန့်တွေကို မတုန့်ပြန်ရင် လက်မခံနိုင်တဲ့ အကျိုးဆက်တွေဖြစ်လာနိုင်လိမ့်မယ် လို့ တယ်လီနောက ပြောပါတယ်။

ဒီကိစ္စအတွက် စစ်ကောင်စီကို ရိုက်တာ က မှတ်ချက်တောင်းရာမှာ ချက်ချင်းအကြောင်းပြန်ကြားတာမရှိပါဘူး။

တယ်လီနော မြန်မာရဲ့ လုပ်ငန်းအများစုကို ဝယ်ယူဖို့အတွက် ရွှေဗျိုင်းဖြူ ကုမ္ပဏီကို စစ်ကောင်စီက ခွင့်ပြု ပေးခဲ့ပါတယ်။

အဲဒီကုမ္ပဏီဟာ တယ်လီနောမြန်မာကို မကြာခင်မှာအပြီးသတ်ဝယ်ယူတော့မှာဖြစ်ပြီး အဓိကပိုင်ဆိုင်သူဖြစ်လာတော့မှာပါ။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်နဲ့ အကျိုးစီးပွားဆက်နွယ်မှုရှိတာကြောင့် သုံးစွဲသူတွေရဲ့အချက်အလက်ကို စစ်ကောင်စီက လက်လှမ်းမီသွားတော့မှာပဲဖြစ်ပါတယ်။

ကိုးကား − ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်