Connect with us

Hi, what are you looking for?

News

တယ်လီနောကို စစ်ကောင်စီထံ ရောင်းချမှုရပ်တန့်ရေး နည်းလမ်းများ အမြန်ဆုံးအကောင် အထည်ဖော်ရန် နော်ဝေးလွှတ်တော်အမတ်များနှင့် NUG သဘောတူ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် နော်ဝေးပါလီမန်၌ တယ်လီနောမြန်မာ ရောင်းချမှုအခြေ အနေကို လွှတ်တော်အမတ် Mr. Ola Elvestuen က မေးမြန်းခဲ့ပြီး NUG နှင့် ယမန်နေ့ဆွေး နွေးပွဲတွင် အဆိုပါ လွှတ်တော်အမတ် တက်ရောက်ခဲ့သည်။

တယ်လီနောမြန်မာကို အကြမ်းဖက်စစ်ကောင်စီဩဇာခံကုမ္ပဏီထံ ရောင်းချမှုရပ်တန့်ရေး နည်းလမ်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် နော်ဝေးလွှတ်တော်အမတ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ယမန်နေ့(ဖေဖော်ဝါရီ ၁၈)တွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

တယ်လီနောမြန်မာကို အကြမ်းဖက်စစ်ကောင်စီနှင့် နီးစပ်သည့် Investcom လုပ်ငန်းစုထံ ရောင်းချမည့်ကိစ္စကို တားဆီးနိုင်ရေးအတွက် NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နော်ဝေးလွှတ်တော်အမတ် ၃ ဦးတို့က အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း NUG ကိုယ်စားလှယ်ရုံး-နော်ဝေးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တယ်လီနောမြန်မာသုံးစွဲသူ ၁၈ သန်းကျော်ရှိပြီး ယင်းသည် နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာကို Investcom ထံ ရောင်းချလိုက်ပါက ၁၈ သန်းကျော်သော မြန်မာပြည်သူများ၏ အချက်အလက်များက အကြမ်းဖက်စစ်ကောင်စီ လက်ထဲ ရောက်ရှိသွား မည်ဖြစ်ကြောင်း NUG ဝန်ကြီး ဦးထင်လင်းအောင်က ဆွေးနွေးသည်။

ယင်းသို့ ရောက်ရှိခြင်းသည် သုံးစွဲသူများ၏ လုံခြုံရေးကို ထိခိုက်နိုင်ပြီး အသက်အန္တရာယ်ပင် ရှိ ကြောင်းနှင့် တယ်လီနောမြန်မာရောင်းချမှုကို ရပ်ဆိုင်းထားရန် NUG အစိုးရက တောင်းဆို ကြောင်း ဦးထင်လင်းအောင်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

နော်ဝေးလွှတ်တော်အမတ်များကလည်း NUG ၏ သဘောထားနှင့်အတူတူ ဖြစ်ပြီး ရောင်းချမှု အထမမြောက်စေရန် NUG နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် နော်ဝေးပါလီမန်၌ တယ်လီနောမြန်မာ ရောင်းချမှုအခြေ အနေကို လွှတ်တော်အမတ် Mr. Ola Elvestuen က မေးမြန်းခဲ့ပြီး NUG နှင့် ယမန်နေ့ဆွေး နွေးပွဲတွင် အဆိုပါ လွှတ်တော်အမတ် တက်ရောက်ခဲ့သည်။

နော်ဝေးပါလီမန်၌ Mr. Ola Elvestuen ၏ မေးမြန်မှုကို စက်မှုဝန်ကြီးက နော်ဝေးအစိုးရ အနေဖြင့် တယ်လီနောမြန်မာကို စစ်အာဏာရှင်များသို့ရောင်းချရာတွင် သုံးစွဲသူများ၏ အချက်အလက်များကို လွှဲပြောင်းမှုကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

သို့ရာတွင် တယ်လီနောမြန်မာသုံးစွဲသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက တယ်လီနောကို အကြမ်းဖက်စစ်ကောင်စီထံရောင်းချမည့်ကိစ္စကို အပြင်းအထန်ကန့် ကွက်နေကြ ပြီး ရောင်းချမည့်အစီအစဉ်ဖျက်သိမ်းရန် လက်မှတ်ရေးထိုးတောင်းဆိုမှုများ လုပ်ဆောင်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်