Connect with us

Hi, what are you looking for?

News

လင်ဖုံး​လေး လမ်းခွဲ​တောင်ကုန်းရှိ စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ​ထိခိုက်သေဆုံးမှုရှိဟု လွိုင်​ကော် PDF အသိ​ပေး

သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ခန္ဓာကိုယ်အား ပြန်ဆွဲထုတ်သွားသည်ကို မြင်တွေ့ရပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြေပြင်ရဲဘော်က မျက်မြင်အတည်ပြုသည်။

(ယမန်​​နေ့က ဖြစ်ပွားသည့် လွိုင်​ကော်မြို့ တိုက်ပွဲတစ်​နေ​ရာ မြင်ကွင်းဖြစ်ပါသည်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးလမ်းခွဲအနီးရှိ တောင်ကုန်းတွင်တပ်စွဲကာ မြို့အဝင်၊အထွက်ကို ထိန်းချုပ်ရန် ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြောက်ကျားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လွိုင်ကော် PDFက ယနေ့ (ဖေဖော်ဝါရီ ၂၀)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၉ရက် နေ့ခင်းပိုင်းအချိန်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးများရှိသည်ဟု ဆိုသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ခန္ဓာကိုယ်အား ပြန်ဆွဲထုတ်သွားသည်ကို မြင်တွေ့ရပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြေပြင်ရဲဘော်က မျက်မြင်အတည်ပြုသည်။

တိုက်ပွဲတွင် လွိုင်ကော် PDFမှ ကျဆုံးမှုမရှိခဲ့ဘဲ အခြား မဟာမိတ်တပ်ဖွဲ့များမှ ဒဏ်ရာရရှိမှု အနည်းငယ်ရှိပြီး အသေးစိတ်ကို ၎င်းတို့ သက်ဆိုင်ရာ သတင်းဌာနများမှ ထုတ်ပြန်မည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“မိုးဗြဲ မှာ စစ်မျက်နှာစာ ဖွင့်တယ်။လွိုင်ကော်ကိုလည်း စစ်ခွေးတပ်ဘက်က ထိန်းချုပ်ဖို့ ကြိုးစား နေတာ။မနေ့က ည ကဆို နံနတ်တောတဝိုက်မှာ အင်အား၁၅၀ လောက်နဲ့ အကြမ်းဖက်စစ်တပ်က လှုပ်ရှားတာတွေလုပ်တယ်။ပြီးတော့ မြို့တွင်းလမ်းတချို့မှာ ကင်းပုန်းတွေထပ်တိုးထားတာကို ကျွန်တော်တို့ သိတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)တာဝန်ရှိသူတစ်ဦးက ရှင်း​ပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ရှမ်း-ကယား (ကရင်နီ)နယ်စပ် အနီးတဝိုက်တွင် စစ်ကောင်စီ​တပ်က ​လေ​ကြောင်း နှင့် ​ရေ​ကြောင်း​များမှတစ်ဆင့် အင်အားဖြည့်တင်းစေလွတ်​နေပြီး မောင်းသူမဲ့ ဒရုန်းများဖြင့်ပါ အသုံးပြုရန် စီစဥ်နေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။