ဖေဖော်ဝါရီ ၁ရက်တွင် ဗမာစစ်တပ်မှ မတရားအာဏာသိမ်းသည့် အချိန်မှစ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်နိုင်ရန် ချင်းအမျိုးသားများသည် ဖိနှိပ်ခံဘ၀တူ တိုင်းရင်းသားတို့နှင့်အတူ ယနေ့အချိန်ထိ တိုင်အောင်ဆက်လက်ပြီး တိုက်ပွဲဝင်နေမှုကို KNU အနေဖြင့် ချင်းအမျိုးသားတို့၏ ဇွဲသတ္တိ စိတ်ဓာတ်တို့ကို လေးစားအသိအမှတ်ပြု ဂုဏ်ယူကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ထို့ပြင်စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ်အလုံးစုံ ချုပ်ငြိမ်းရေးမှသည် တိုင်းရင်းသား လူမျိုးများနှင့် ချင်းအမျိုးသားများလိုလားသည့် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထာင်စုကြီး တည်ဆောက်ရရှိသည်အထိ KNU အနေဖြင့် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွာမည်ဖြစ်ကြောင်း သဓိဌာန်ပြုသည်ဟုလည်း KNUက ၇၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။


















































