Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ချုပ်ငြိမ်းရေး ချင်းအမျိုးသားတို့၏ တိုက်ပွဲဝင်နေမှုကို လေးစားဂုဏ်ယူကြောင်း KNU သဝဏ်လွှာပို့

စစ်အာဏာရှင်ချုပ်ငြိမ်းရးအတွက် ချင်းအမျိုးသားတို့၏ တိုက်ပွဲဝင်နေမှုကို လေးစားဂုဏ်ယူ ကြောင်းနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြာင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ကျရောက်သည့် ချင်း အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့သည်။

(၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မလေးရှားရောက် ချင်းတိုင်းရင်းသား များစုပေါင်း၍ ဖေဖော်ဝါရီ ၁၉ရက်က Lautu ဘုရားကျောင်း၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Cnf Chin)

ဖေဖော်ဝါရီ ၁ရက်တွင် ဗမာစစ်တပ်မှ မတရားအာဏာသိမ်းသည့် အချိန်မှစ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်နိုင်ရန် ချင်းအမျိုးသားများသည် ဖိနှိပ်ခံဘ၀တူ တိုင်းရင်းသားတို့နှင့်အတူ ယနေ့အချိန်ထိ တိုင်အောင်ဆက်လက်ပြီး တိုက်ပွဲဝင်နေမှုကို KNU အနေဖြင့် ချင်းအမျိုးသားတို့၏ ဇွဲသတ္တိ စိတ်ဓာတ်တို့ကို လေးစားအသိအမှတ်ပြု ဂုဏ်ယူကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

ထို့ပြင်စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ်အလုံးစုံ ချုပ်ငြိမ်းရေးမှသည် တိုင်းရင်းသား လူမျိုးများနှင့် ချင်းအမျိုးသားများလိုလားသည့် နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထာင်စုကြီး တည်ဆောက်ရရှိသည်အထိ KNU အနေဖြင့် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွာမည်ဖြစ်ကြောင်း သဓိဌာန်ပြုသည်ဟုလည်း KNUက ၇၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook