Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ်ယာဉ်တန်း ယင်းမာပင်နယ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ထိခိုက်သေဆုံးမှုရှိဟုဆို

“မုံရွာဘက်ကနေလာရင် ချင်းတွင်းတံတားကို ဖြတ်ပြီးတော့ ပုသိမ်လမ်းခွဲ ဆိုတာရှိတယ်။ ပုသိမ်လမ်းခွဲကနေပြီးမှ သူတို့က တက်လာကြတာ။ အဲဒီကနေ လက်ပံတောင်းကနေ အနောက် ကိုသွားရင် ဖိုလ်ဝင်တောင်ကို ရောက်တယ်။ အဲဒီဘက်မှာ မိုင်းဆွဲတာ” ဟု ၎င်းက ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော် တံတားဖွင့်ပွဲ တစ်ခု၌ တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ယာဉ်တန်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ရက်)က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းမာခံနယ်ခံ အချို့က ပြောသည်။

“တိုက်ခိုက်ခံရတာဟုတ်ယ်။ ဘယ်လောက်ကျလို့ ဘယ်နှစ်စီးထိခိုက် တယ်ဆို တာ တိုက်ခိုက် ရေးနေရာမှာ ပါတာမဟုတ်တဲ့အတွက် ဖုန်းသတင်းအရပဲ သိရတာ”ဟု တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အခြားယင်းမာပင်နယ်ခံတစ်ဦးကလည်း မြတ်ကျော်လိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက် ခံရပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးဟု ပြောသည်။

“မုံရွာဘက်ကနေလာရင် ချင်းတွင်းတံတားကို ဖြတ်ပြီးတော့ ပုသိမ်လမ်းခွဲ ဆိုတာရှိတယ်။ ပုသိမ်လမ်းခွဲကနေပြီးမှ သူတို့က တက်လာကြတာ။ အဲဒီကနေ လက်ပံတောင်းကနေ အနောက် ကိုသွားရင် ဖိုလ်ဝင်တောင်ကို ရောက်တယ်။ အဲဒီဘက်မှာ မိုင်းဆွဲတာ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း ချင်းတွင်းရိုးမ သတင်းဌာန၏ဖော်ပြချက်တွင် မိုင်းဖြင့် တိုက်ခိုက် ခံရခြင်းကြောင့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ ယာဉ်တန်းပါ စစ်ကောင်စီတပ်သား များသေဆုံးထိခိုက် မှုရှိသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook