Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ်ယာဉ်တန်း ယင်းမာပင်နယ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရ ၊ထိခိုက်သေဆုံးမှုရှိဟုဆို

“မုံရွာဘက်ကနေလာရင် ချင်းတွင်းတံတားကို ဖြတ်ပြီးတော့ ပုသိမ်လမ်းခွဲ ဆိုတာရှိတယ်။ ပုသိမ်လမ်းခွဲကနေပြီးမှ သူတို့က တက်လာကြတာ။ အဲဒီကနေ လက်ပံတောင်းကနေ အနောက် ကိုသွားရင် ဖိုလ်ဝင်တောင်ကို ရောက်တယ်။ အဲဒီဘက်မှာ မိုင်းဆွဲတာ” ဟု ၎င်းက ဆိုသည်။

(အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော် တံတားဖွင့်ပွဲ တစ်ခု၌ တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ယာဉ်တန်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ရက်)က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းမာခံနယ်ခံ အချို့က ပြောသည်။

“တိုက်ခိုက်ခံရတာဟုတ်ယ်။ ဘယ်လောက်ကျလို့ ဘယ်နှစ်စီးထိခိုက် တယ်ဆို တာ တိုက်ခိုက် ရေးနေရာမှာ ပါတာမဟုတ်တဲ့အတွက် ဖုန်းသတင်းအရပဲ သိရတာ”ဟု တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အခြားယင်းမာပင်နယ်ခံတစ်ဦးကလည်း မြတ်ကျော်လိုက်ပါလာသည့် ယာဉ်တန်းတိုက်ခိုက် ခံရပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးဟု ပြောသည်။

“မုံရွာဘက်ကနေလာရင် ချင်းတွင်းတံတားကို ဖြတ်ပြီးတော့ ပုသိမ်လမ်းခွဲ ဆိုတာရှိတယ်။ ပုသိမ်လမ်းခွဲကနေပြီးမှ သူတို့က တက်လာကြတာ။ အဲဒီကနေ လက်ပံတောင်းကနေ အနောက် ကိုသွားရင် ဖိုလ်ဝင်တောင်ကို ရောက်တယ်။ အဲဒီဘက်မှာ မိုင်းဆွဲတာ” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း ချင်းတွင်းရိုးမ သတင်းဌာန၏ဖော်ပြချက်တွင် မိုင်းဖြင့် တိုက်ခိုက် ခံရခြင်းကြောင့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ ယာဉ်တန်းပါ စစ်ကောင်စီတပ်သား များသေဆုံးထိခိုက် မှုရှိသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။