Connect with us

Hi, what are you looking for?

News

ကျင်​ဒွေးသို့ စစ်​ကြောင်းထိုး​သောတပ်ကို ​ဒေသခံတပ်များက သုံးရက်ဆက်တိုက်ခိုက် စစ်​ကောင်စီတပ်သား ၂၁ဦး​သေ

ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင်မကွေးတိုင်း လောင်းရှည်မှ ကျင်ဒွေးမြို့သို့ဦးတည် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား ဆွဲလွဲကျင်ရွာအနီး၌ နံနက် ၈နာရီ တွင်တစ်ကြိမ် နေ့လည် ၁၂ နာရီတွင်တစ်ကြိမ်CDF(ကန်ပက်လက်) ၊ CNAတို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့သည်။

CDF(ကန်ပက်လက်)တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-CDF

မကွေးတိုင်း လောင်းရှည်မှ ကျင်ဒွေးမြို့သို့စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား သုံးရက်ကြာတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်-CDF(ကန်ပက်လက်)က ယ​နေ့ညတွင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သောချင်း​ဒေသကာကွယ်​ရေးတပ်-CDF (ကန်ပက်လက်)၊PDF (​ဆော)၊ CNA ၊CDF(Daai)ပူး​ပေါင်းအဖွဲ့တို့ ကြား ဖေဖော်ဝါရီ ၂၀ရက်မှ ၂၂ ရက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၁ သေဆုံးခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင်မကွေးတိုင်း လောင်းရှည်မှ ကျင်ဒွေးမြို့သို့ဦးတည် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား ဆွဲလွဲကျင်ရွာအနီး၌ နံနက် ၈နာရီ တွင်တစ်ကြိမ် နေ့လည် ၁၂ နာရီတွင်တစ်ကြိမ်CDF(ကန်ပက်လက်) ၊ CNAတို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးခဲ့သည်။

ထို့အပြင်ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း CDF(ကန်ပက်လက်) ၊CNA ၊PDF(​ဆော)တို့က အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေးဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ယ​နေ့(ဖေဖော်ဝါရီ ၂၂ ရက်)တွင် ရေရှောင်လမ်းမြက်ခင်းတွင် စစ်​ကောင်စီတပ်ကို CDF-Daai၊ PDF(​ဆော)၊ CNAနှင့် CDF(ကန်ပက်လက်)တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးထပ်မံသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့​ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ပွဲတွင်အထိနာသောစစ်ကောင်စီတပ်သားများသည် မဆာတွီကျေးရွာရှိပြည်သူနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသွားပြီး၊ မောချောင်းရွာတွင် လူနေအိမ် လေးလုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။ ကျန်အိမ်များကိုလည်း ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများခိုးယူသွားသည်ဟုလည်း​ဖော်ပြထားသည်။

ထိုသို့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခြင်းကြောင့် ကျည်ဆံများ လိုအပ်ပါသောကြောင့် လှူဒါန်းပေးရန် CDF(ကန်ပက်လက်)ကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်