Connect with us

Hi, what are you looking for?

News

ထိန်းချုပ်စိုးမိုးနယ်မြေထူထောင်ရေး အလေးပေးလုပ်ဆောင်ရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးကို NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

“တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ပြည်သူတွေရဲ့ဘဝတွေ၊ နိုင်ငံအခြေအနေတွေ အကုန်ယိုယွင်းပျက်စီးခဲ့ရပြီမို့ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ ပိုမိုကြိုးစားဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိန်းချုပ်စိုးမိုးနယ်မြေထူထောင်ရေးအတွက် ကာကွယ် ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အလေးပေးလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိန်းချုပ်စိုးမိုးနယ်မြေများ ထူထောင်နိုင်ခြင်းသည် တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာနိုင်၍ ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းကူညီရန် အရေးကြီးကြောင်းလည်း ထည့်သွင်းတိုက်တွန်းသည်။

ဖေဖော်ဝါရီ ၂၂ ရက်သည် ယမန်နှစ်က ပြည်သူလူထုသည် ပြိုင်တူစုရုံး နှစ်ငါးလုံးဆိုကာ ပြည်သူ့အာဏာမတရားယူခဲ့သည့် အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်အားအပြည့်တွန်းလှန်ခဲ့သော သမိုင်းဝင်နေ့ဖြစ်ပြီး ယခုလိုနေ့များ နောက်ထပ် နှစ်ပတ်လည်ခြင်းမျိုး မဖြစ်စေလိုကြောင်း မန်းဝင်းခိုင်သန်းက ဆိုသည်။

“တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ပြည်သူတွေရဲ့ဘဝတွေ၊ နိုင်ငံအခြေအနေတွေ အကုန်ယိုယွင်းပျက်စီးခဲ့ရပြီမို့ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ ပိုမိုကြိုးစားဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတကာအသိုင်း အဝိုင်းက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ရေးကို အဓိကအားစိုက်နေသည့် တပြိုင်နက် ပြည်တွင်းက အခြေအနေအမှန်များ၊ အစိုးရစီမံဆောင်ရွက်နေမှုများ၊ လျှောက်လှမ်းနေသည့် ဗျူဟာများကိုလည်း နိုင်ငံတကာကို ရှင်းလင်းစွာအသိပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။