Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိန်းချုပ်စိုးမိုးနယ်မြေထူထောင်ရေး အလေးပေးလုပ်ဆောင်ရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးကို NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

“တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ပြည်သူတွေရဲ့ဘဝတွေ၊ နိုင်ငံအခြေအနေတွေ အကုန်ယိုယွင်းပျက်စီးခဲ့ရပြီမို့ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ ပိုမိုကြိုးစားဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိန်းချုပ်စိုးမိုးနယ်မြေထူထောင်ရေးအတွက် ကာကွယ် ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အလေးပေးလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိန်းချုပ်စိုးမိုးနယ်မြေများ ထူထောင်နိုင်ခြင်းသည် တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာနိုင်၍ ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းကူညီရန် အရေးကြီးကြောင်းလည်း ထည့်သွင်းတိုက်တွန်းသည်။

ဖေဖော်ဝါရီ ၂၂ ရက်သည် ယမန်နှစ်က ပြည်သူလူထုသည် ပြိုင်တူစုရုံး နှစ်ငါးလုံးဆိုကာ ပြည်သူ့အာဏာမတရားယူခဲ့သည့် အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အင်အားအပြည့်တွန်းလှန်ခဲ့သော သမိုင်းဝင်နေ့ဖြစ်ပြီး ယခုလိုနေ့များ နောက်ထပ် နှစ်ပတ်လည်ခြင်းမျိုး မဖြစ်စေလိုကြောင်း မန်းဝင်းခိုင်သန်းက ဆိုသည်။

“တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ပြည်သူတွေရဲ့ဘဝတွေ၊ နိုင်ငံအခြေအနေတွေ အကုန်ယိုယွင်းပျက်စီးခဲ့ရပြီမို့ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ ပိုမိုကြိုးစားဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတကာအသိုင်း အဝိုင်းက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ရေးကို အဓိကအားစိုက်နေသည့် တပြိုင်နက် ပြည်တွင်းက အခြေအနေအမှန်များ၊ အစိုးရစီမံဆောင်ရွက်နေမှုများ၊ လျှောက်လှမ်းနေသည့် ဗျူဟာများကိုလည်း နိုင်ငံတကာကို ရှင်းလင်းစွာအသိပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။