Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့မရဲစခန်းကို တိုက်ခိုက်ရာ နှစ်ဦး​သေဟု PDF ထုတ်ပြန်

CHU PDF တပ်ခွဲ(၁)မှ ရဲဘော်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)က ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်ကာ မြို့မရဲစခန်း၏ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

(​ချောင်းဦး PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချောင်းဦးမြို့မ ရဲစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က ယနေ့(ဖေဖော်ဝါရီ ၂၄)တွင် ထုတ်ပြန်သည်။

CHU PDF တပ်ခွဲ(၁)မှ ရဲဘော်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)က ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်ကာ မြို့မရဲစခန်း၏ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

ရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲ ဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။

ယမန်နေ့က ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ ပျူစောထီး များလာရောက်သည်ဆိုသော နေရာကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ခွဲ (၂)မှ တပ်စိတ်တစ်စိတ်မှ သွားရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၂၀ ခန့်ဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် CHU PDF ၏ တပ်ခွဲ (၂)တပ်ခွဲမှူးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ကာ AK-47
သေနတ်တစ်လက်၊လက်လုပ်သေနတ်တစ်လက် နှင့် .22 mm သေနတ်အတို တစ်လက် နှင့် ကျည်အချို့ ဆုံးရှုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း သုံးဦးထိမှန်လဲကျပြီး သေဆုံးမှု ရှိ၊မရှိ ကိုမူ အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းကစ၍ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်းချောင်းဦး – ပခုက္ကူလမ်းပိုင်း၊ မုံရွာ – အမြင့် – တောကျောင်းကြီးလမ်းပိုင်း၊ ခင်မွန် – ကျီကုန်း – ရွှေဒါးကျလမ်းပိုင်း နှင့်ချောင်းဦး – အမြင့်လမ်းပိုင်းများကို ယာယီပိတ်ထားမည်ဟု သတိပေး ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook