Connect with us

Hi, what are you looking for?

News

ဘန့်​ဘွေးရာတိုက်ပွဲ စစ်​ကောင်စီတပ်မှအနည်းဆုံး ၈ဦး​သေ

မြေပြင်အခြေအနေရ သေဆုံးမှု အချက်အလက်ကိုအတိကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် အထိ့သေဆုံး နိုင်သည်ဟုလည်းပါရှိသည်။ယခုအခါဘန့်ဘွေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား​ကြောင်း TTPDF ကထုတ်ပြန်ထားသည်။

●PDFတပ်ဖွဲ့မှ အထူးကွန်မန်ဒိုတစ်ဦးကျဆုံးခဲ့

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရှစ်ဦးသေဆုံးကာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု မုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force) က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖေါ်ဝါရီ ၂၅ ရက် ညနေ ၅နာရီခန့်က ဘန့်ဘွေးရွာ တောင်ဘက်၌ နေရာယူထားသော အင်အား ၅၀ ကျော်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကိုမုံရွာခရိုင်တပ်ရင်း – ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း – ၃၊ မုံရွာခရိုင် တပ်ရင်း – ၄ နှင့် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂၀ ကျော်နှင့် စက်လက်နက်ငယ်များဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်နက်အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ခုခံစစ်ဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော်ပြန်လည်ဆုတ်ခွာရာလမ်းကြောင်းတွင်ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား ကာကွယ်ပစ်ကူပေးခဲ့​သော Chindwin Attack Force မှ အထူးကွန်မန်ဒို တပ်ဖွဲ့ဝင် ဒေါနမောင်မောင် (Monywa The Boys) သည် ကျည်ထိ့မှန်ကျဆုံးခဲ့ရသည်။

ယမန်နေ့က တိုက်ပွဲတွင် ပဒေသာသုံးလုံးတွဲမိုင်း ထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လေပေါ်သို့ပျံဝဲသွားကြောင်းယင်းမာပင် အခြေ စိုက် TTPDF တပ်ဖွဲ၀င်တစ်ဦးက​ပြောသည်။

အလားတူ တာဝေးပစ်လက်နက်ကြီးပစ်ပစ်ခက်မှုမှာလည်း ၆ လုံးပစ်ခက်ရာ ၂ လုံးထိမှန်သည်ဟုလည်း TTPDF ကထုတ်ပြန်သည်။

မြေပြင်အခြေအနေရ သေဆုံးမှု အချက်အလက်ကိုအတိကျမသိရသေးသော်လည်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့် အထိ့သေဆုံး နိုင်သည်ဟုလည်းပါရှိသည်။ယခုအခါဘန့်ဘွေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထား​ကြောင်း TTPDF ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်