Connect with us

Hi, what are you looking for?

News

ကသာမြို့နယ်တွင်တရားဥပ​ဒေစိုးမိုးရန်နှင့်စစ်​ကောင်စီလုပ်ငန်းများမလည်ပတ်နိုင်ရန် အချက် ၆ ချက်ပါ​သောအမိန့်ကို ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ထုတ်ပြန်

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီလဆန်းမှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာရှိနေသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏တရားမဝင်လုပ်ငန်းများလည်ပတ်ခြင်းမရှိစေရန်နှင့် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးရရှိစေရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အချက်​ခြောက်ချက်ပါ​သော အမိန့်ကြေညာချက်ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့)တွင် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါကြေညာချက်တွင် ကသာမြို့နယ်အတွင်းရှိ အများပြည်သူများ၏ လုံခြုံရေး၊ တရားဥပ​ဒေစိုးမိုးရေးအတွက်လည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏တရားမဝင်လုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

ကသာမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ ကြက်ဝိုင်းများအပါအဝင် မည်သည့်လောင်းကစားဝိုင်းမျှ လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ တရားမဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက်လည်ခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန်၊ စစ်ကောင်စီနှင့်ပတ်သက်သော မည်သည့်ထုတ်ကုန်ကိုမဆို ဝယ်ယူရောင်းချခြင်းမပြုရန်၊ တရားမဝင်ရွှေသတ္တုနှင့် အခြားသယံဇာတများ တူးဖော်လုပ်ကိုင်ခြင်းမပြုရန်၊ နိုင်ငံတော်ပိုင် သစ်တောကြိုးဝိုင်း/ကြိုးပြင် (ယင်းခဲကြိုးဝိုင်း)ဧရိယာအတွင်း တရားမဝင်နှစ်ရှည်ပင်များ စိုက်ပျိုးလု​ပ်ကိုင်ခြင်းမပြုရန်​ကြေညာထားသည်။

အဆိုပါစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် သတိပေးသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီလဆန်းမှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။