Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာမြို့နယ်တွင်တရားဥပ​ဒေစိုးမိုးရန်နှင့်စစ်​ကောင်စီလုပ်ငန်းများမလည်ပတ်နိုင်ရန် အချက် ၆ ချက်ပါ​သောအမိန့်ကို ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ထုတ်ပြန်

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီလဆန်းမှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာရှိနေသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏တရားမဝင်လုပ်ငန်းများလည်ပတ်ခြင်းမရှိစေရန်နှင့် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးရရှိစေရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အချက်​ခြောက်ချက်ပါ​သော အမိန့်ကြေညာချက်ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့)တွင် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါကြေညာချက်တွင် ကသာမြို့နယ်အတွင်းရှိ အများပြည်သူများ၏ လုံခြုံရေး၊ တရားဥပ​ဒေစိုးမိုးရေးအတွက်လည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏တရားမဝင်လုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။

ကသာမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းမပြုလုပ်ကြရန်၊ ကြက်ဝိုင်းများအပါအဝင် မည်သည့်လောင်းကစားဝိုင်းမျှ လုံးဝ(လုံးဝ) မပြုလုပ်ကြရန်၊ တရားမဝင်သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်း၊ သစ်စက်လည်ခြင်း၊ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန်၊ စစ်ကောင်စီနှင့်ပတ်သက်သော မည်သည့်ထုတ်ကုန်ကိုမဆို ဝယ်ယူရောင်းချခြင်းမပြုရန်၊ တရားမဝင်ရွှေသတ္တုနှင့် အခြားသယံဇာတများ တူးဖော်လုပ်ကိုင်ခြင်းမပြုရန်၊ နိုင်ငံတော်ပိုင် သစ်တောကြိုးဝိုင်း/ကြိုးပြင် (ယင်းခဲကြိုးဝိုင်း)ဧရိယာအတွင်း တရားမဝင်နှစ်ရှည်ပင်များ စိုက်ပျိုးလု​ပ်ကိုင်ခြင်းမပြုရန်​ကြေညာထားသည်။

အဆိုပါစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် သတိပေးသည်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖေဖော်ဝါရီလဆန်းမှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။