Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ

ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ညအိပ်နားနေသော အာကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ယနေ့ (မတ်လ ၁ရက်) နံနက်ပိုင်း ၁၁နာရီခွဲ ခန့်တွင် မန္တလေး- ဗန်းမော် ဗျူဟာကားလမ်း အတိုင်း ထွက်လာရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ညအိပ်နားနေသော အာကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ယနေ့ (မတ်လ ၁ရက်) နံနက်ပိုင်း ၁၁နာရီခွဲ ခန့်တွင် မန္တလေး- ဗန်းမော် ဗျူဟာကားလမ်း အတိုင်း ထွက်လာရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို အင်ဒေါင်းလမ်းခွဲအနီးတွင် ပူးပေါင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအကြမ်းဖက်များ အထိ အခိုက်များသဖြင့် လူနာတင်ယာဉ်များနှင့် သယ်ဆောင်ကာ ချိန်သင်ရွာအနီး ကျွန်းတောထဲတွင် စခန်းချ ဆေးဝါးကုသမှု ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု စာရင်းကို မသိရသေးကြောင်း၊ ပူးပေါင်းတော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် အင်ဒေါင်းလမ်းခွဲနားရှိ တွင်ခုံကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ထီးချိုင့် PDFက ထုတ်ပြန် သည်။

အလားတူ ယနေ့ နံနက် ၁၀နာရီခန့်ကလည်း ထီးချိုင့်မြို့နယ် ပေါက်နက်နှင့် အောင်သာယာကျေးရွာအကြား ပေါက်နက်ကျေးရွာဘက်မှ မန္တလေးဘက်သို့ ဆင်းလာသော စစ်ကောင်စီတပ်သားပါ အိမ်စီးကားကို ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အကြမ်းဖက်သမား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။