Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်တွင် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ

ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ညအိပ်နားနေသော အာကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ယနေ့ (မတ်လ ၁ရက်) နံနက်ပိုင်း ၁၁နာရီခွဲ ခန့်တွင် မန္တလေး- ဗန်းမော် ဗျူဟာကားလမ်း အတိုင်း ထွက်လာရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာတွင် ညအိပ်နားနေသော အာကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၇၀ ခန့်သည် ယနေ့ (မတ်လ ၁ရက်) နံနက်ပိုင်း ၁၁နာရီခွဲ ခန့်တွင် မန္တလေး- ဗန်းမော် ဗျူဟာကားလမ်း အတိုင်း ထွက်လာရာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို အင်ဒေါင်းလမ်းခွဲအနီးတွင် ပူးပေါင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအကြမ်းဖက်များ အထိ အခိုက်များသဖြင့် လူနာတင်ယာဉ်များနှင့် သယ်ဆောင်ကာ ချိန်သင်ရွာအနီး ကျွန်းတောထဲတွင် စခန်းချ ဆေးဝါးကုသမှု ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု စာရင်းကို မသိရသေးကြောင်း၊ ပူးပေါင်းတော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် အင်ဒေါင်းလမ်းခွဲနားရှိ တွင်ခုံကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ထီးချိုင့် PDFက ထုတ်ပြန် သည်။

အလားတူ ယနေ့ နံနက် ၁၀နာရီခန့်ကလည်း ထီးချိုင့်မြို့နယ် ပေါက်နက်နှင့် အောင်သာယာကျေးရွာအကြား ပေါက်နက်ကျေးရွာဘက်မှ မန္တလေးဘက်သို့ ဆင်းလာသော စစ်ကောင်စီတပ်သားပါ အိမ်စီးကားကို ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အကြမ်းဖက်သမား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့် PDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။