Connect with us

Hi, what are you looking for?

News

ထောင်တွင်းနှိပ်စက်မှုများကို တုန့်ပြန်မည့်တိုက်ခိုက်ရေးအစီအစဥ် ပြည်သူများရှိနေ၍ မအောင်မြင်

အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေထောင်ဝန်ထမ်းများသည် မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားများကို အကျဥ်းသားအခွင့် အရေးများ ချိုးဖောက်ပြီး ညှင်းပန်း နှိပ်စက်နေ၍ ထောင်တွင်း၌ ဆန္ဒပြမှုများ မကြာခဏဖြစ်ပေါ်နေသည်။

(စစ်ကောင်စီတပ်က အင်းစိန်အကျဥ်းထောင်အနီး လမ်းများပိတ်ဆို့စစ်ဆေး နေစဥ်၊ ဓာတ်ပုံ - ပေးပို့)

ဖမ်းဆီးခံထားရသူများအား ထောင်တွင်း နှိပ်စက်နေမှုများကို တုန့်ပြန်သည့် အနေဖြင့် ရန်ကုန်မြို့အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့တွင်ပြုလုပ်ရန်စီစဥ်ခဲ့သော တိုက်ခိုက်ရေးမက်ရှင် မအောင်မြင်ခဲ့ကြောင်း From Zero To Hero(ZTH)မြို့ပြပြောက်ကျားတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ရေးမက်ရှင် မအောင်မြင်ရခြင်းမှာ ဖောက်ခွဲရေးပြုလုပ်မည့် အင်းစိန်ထောင်ဗူးဝအနီး အရပ်သားပြည်သူများ ရောက်ရှိနေခြင်း ကြောင့်ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ထောင်အတွင်းက တော်လှန်ရေးရဲဘော်တွေကို ညှင်းပန်းနှိပ်စက်နေတဲ့အတွက် လက်စားချေတာပါ။ အဓိကပစ်မှတ်အဖြစ် မတရားမှုအားပေးတဲ့ ထောင်ဝန်ထမ်းတွေကို ရည်ရွယ်ပါတယ်”ဟု ZTH တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အင်းစိန်ထောင်ဗူးဝရှေ့၌ ဖောက်ခွဲတိုက်ခိုက်ရန် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးတစ်လုံးကို ယ နေ့(မတ် ၂)နံနက် ၅ နာရီခန့်တွင် တပ်ဆင်ထားရှိခဲ့သော်လည်း ပြည်သူများကို ထိခိုက်နိုင် သောကြောင့် တိုက်ခိုက်ရေးမက်ရှင်ဆက်မလုပ်ဘဲ နောက်ပြန်ဆုတ်ခဲ့ရသည်ဟု ZTH တပ်ဖွဲ့က ဆို သည်။

Public Service Announcement

Public Service Announcement

“အချိန်တော်တော်ကြာမှ ခွေးတွေက ဝီစီမှုတ်ပြီး ကားကိုကန့်လန့်ထိုးရပ်ပီး လိုက်ရှာတော့တာ” ဟု ZTH မှ တော်လှန်ရေးရဲဘော်က ပြောသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်တွင် အင်းစိန်ထောင်ဘူးဝရှေ့ မင်းစေတီ ဘတ်စ်ကား မှတ်တိုင် ဘက်အခြမ်းတွင် စစ်ကားများလမ်းပေါ်ကန့်လန့်ဖြတ် ရထားပြီး လမ်းပိတ်ဆို့ စစ်ဆေးမှုများ ရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေထောင်ဝန်ထမ်းများသည် မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသားများကို အကျဥ်းသားအခွင့် အရေးများ ချိုးဖောက်ပြီး ညှင်းပန်း နှိပ်စက်နေ၍ ထောင်တွင်း၌ ဆန္ဒပြမှုများ မကြာခဏဖြစ်ပေါ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။