Connect with us

Hi, what are you looking for?

LuduNwayOo

News

ပူတာအိုတွင် စစ်​ကောင်စီက​ လေ​ကြောင်းမှလာရောက်တိုက်ခိုက်မှုအ​ပေါ် ​ဒေသခံများ​ ဝေဖန်ပြစ်တင်

စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်တွင်ဒေသတွင်းလုံခြုံရေးအခြေအနေအရပူတာအို-မြစ်ကြီးနားကားလမ်းကို KIA နဲ PDFက ရက်အကန့်အသတ်မရှိပိတ်ထားပြီး စက်သုံးဆီနှင့် ကုန်တင်ယာဉ်များပြန်လည်သွားလာခွင့်ပြုကြောင်း ယမန်နေ့(မတ် ၁ရက်)က ထုတ်ပြန်သည်။

ပူတာအို -မြစ်ကြီးနားကားလမ်းကို KIA နှင့် PDFကဖြတ်သန်းခွင့်ပြုပြီးနောက် လေကြောင်းမှ လာပစ်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် လူထုအား လူသားဒိုင်းအဖြစ် အကာအကွယ်ယူသည့် အောက်တန်းကျသည့်လုပ်ရပ်ဟု ဒေသခံများက ဝေဖန်သည်။

စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်တွင်ဒေသတွင်းလုံခြုံရေးအခြေအနေအရပူတာအို-မြစ်ကြီးနားကားလမ်းကို KIA နဲ PDFက ရက်အကန့်အသတ်မရှိပိတ်ထားပြီး စက်သုံးဆီနှင့် ကုန်တင်ယာဉ်များပြန်လည်သွားလာခွင့်ပြုကြောင်း ယမန်နေ့(မတ် ၁ရက်)က ထုတ်ပြန်သည်။

“ကုန်စည်နဲ့လောင်စာဆီအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လမ်းဖွင့်ပေးလိုက်ပြီလို့ ကြေငြာပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက လေကြောင်းကနေလာပစ်တယ်။ ဒေသခံတွေကို လူသားဒိုင်းလို စစ်ကောင်စီက လုပ်နေတာ။ အောက်တန်းကျတာ” ဟုပူတာအိုဒေသခံတစ်ဦးပြောသည်။

ပူတာအိုဒေသအတွက် အရေးပေါ်လိုအပ်နေသော ကုန်စည်နှင့် လောင်စာဆီကို ဒေသခံများ တင်သွင်းရန် KIA နဲ PDFက လမ်းအသုံးပြုခွင့် ပေးပြီးနောက် စစ်ကောင်စီက မတ်လ ၁ရက်နေ့လယ်တွင် အင်စီးယန်နှင့် ဆွမ်ပီယန် ကျေးရွာတလျောက်အား ဂျက်လေယာဉ်နှစ်စီးဖြင့် ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။ အရပ်သားထိခိုက်မှုရှိ မရှိကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

“အင်စီးယန်နဲ့ ဆွမ်ပီယန်က ကားလမ်းဘေး ကျေးရွာတွေ။ ဒါကို ဂျက်လေယာဉ်နဲ့လာပစ်တာက ဒေသခံတွေ အပေါ်လူသားဒိုင်း အဖြစ် အသုံးပြုနေတာပဲ”ဟုပူတာအိုမှလူငယ်တစ်ဦးကပြောသည်။

စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို မတ်လ ၂ ရက်နေ့မှစပြီး မနက် ၆ နာရီမှ ညနေ ၅နာရီအတွင်း မြစ်ကြီးနား-ပူတာအိုလမ်းတွင် ပြန်လည်သယ်ဆောင်ခွင့်ပြုပြီ ဖြစ်ကြောင်း ပူတာအိုPDF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင်စစ်ကောင်စီထုတ်ကုန်များ၊စစ်ကောင်စီနှင့်ပတ်သက်သော လူ၊ ကုန်ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်းနှင့် မနက် ၆နာရီကနေ ညနေ ၅ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။