Connect with us

Hi, what are you looking for?

News

ပူတာအိုတွင် စစ်​ကောင်စီက​ လေ​ကြောင်းမှလာရောက်တိုက်ခိုက်မှုအ​ပေါ် ​ဒေသခံများ​ ဝေဖန်ပြစ်တင်

စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်တွင်ဒေသတွင်းလုံခြုံရေးအခြေအနေအရပူတာအို-မြစ်ကြီးနားကားလမ်းကို KIA နဲ PDFက ရက်အကန့်အသတ်မရှိပိတ်ထားပြီး စက်သုံးဆီနှင့် ကုန်တင်ယာဉ်များပြန်လည်သွားလာခွင့်ပြုကြောင်း ယမန်နေ့(မတ် ၁ရက်)က ထုတ်ပြန်သည်။

ပူတာအို -မြစ်ကြီးနားကားလမ်းကို KIA နှင့် PDFကဖြတ်သန်းခွင့်ပြုပြီးနောက် လေကြောင်းမှ လာပစ်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် လူထုအား လူသားဒိုင်းအဖြစ် အကာအကွယ်ယူသည့် အောက်တန်းကျသည့်လုပ်ရပ်ဟု ဒေသခံများက ဝေဖန်သည်။

စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်တွင်ဒေသတွင်းလုံခြုံရေးအခြေအနေအရပူတာအို-မြစ်ကြီးနားကားလမ်းကို KIA နဲ PDFက ရက်အကန့်အသတ်မရှိပိတ်ထားပြီး စက်သုံးဆီနှင့် ကုန်တင်ယာဉ်များပြန်လည်သွားလာခွင့်ပြုကြောင်း ယမန်နေ့(မတ် ၁ရက်)က ထုတ်ပြန်သည်။

“ကုန်စည်နဲ့လောင်စာဆီအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လမ်းဖွင့်ပေးလိုက်ပြီလို့ ကြေငြာပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက လေကြောင်းကနေလာပစ်တယ်။ ဒေသခံတွေကို လူသားဒိုင်းလို စစ်ကောင်စီက လုပ်နေတာ။ အောက်တန်းကျတာ” ဟုပူတာအိုဒေသခံတစ်ဦးပြောသည်။

ပူတာအိုဒေသအတွက် အရေးပေါ်လိုအပ်နေသော ကုန်စည်နှင့် လောင်စာဆီကို ဒေသခံများ တင်သွင်းရန် KIA နဲ PDFက လမ်းအသုံးပြုခွင့် ပေးပြီးနောက် စစ်ကောင်စီက မတ်လ ၁ရက်နေ့လယ်တွင် အင်စီးယန်နှင့် ဆွမ်ပီယန် ကျေးရွာတလျောက်အား ဂျက်လေယာဉ်နှစ်စီးဖြင့် ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။ အရပ်သားထိခိုက်မှုရှိ မရှိကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

“အင်စီးယန်နဲ့ ဆွမ်ပီယန်က ကားလမ်းဘေး ကျေးရွာတွေ။ ဒါကို ဂျက်လေယာဉ်နဲ့လာပစ်တာက ဒေသခံတွေ အပေါ်လူသားဒိုင်း အဖြစ် အသုံးပြုနေတာပဲ”ဟုပူတာအိုမှလူငယ်တစ်ဦးကပြောသည်။

စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို မတ်လ ၂ ရက်နေ့မှစပြီး မနက် ၆ နာရီမှ ညနေ ၅နာရီအတွင်း မြစ်ကြီးနား-ပူတာအိုလမ်းတွင် ပြန်လည်သယ်ဆောင်ခွင့်ပြုပြီ ဖြစ်ကြောင်း ပူတာအိုPDF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင်စစ်ကောင်စီထုတ်ကုန်များ၊စစ်ကောင်စီနှင့်ပတ်သက်သော လူ၊ ကုန်ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်းနှင့် မနက် ၆နာရီကနေ ညနေ ၅ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။