Connect with us

Hi, what are you looking for?

News

ချင်း-မကွေးနယ်စပ် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီ ခုနစ်ဦးသေဟု ကန်ပက်လက် CDFထုတ်ပြန်

တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း CDFတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ချင်းပြည်နယ်နှင့်မကွေးတိုင်းနယ်စပ် တစ်နေရာတွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၇ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်သည်။

မတ်လ ၄ရက် နေ့လယ်၁နာရီ မိနစ်၄၀အချိန်တွင် ကန်ပက်လက်မြို့နယ် နှင့်မကွေးတိုင်းနယ်စပ်၌ ကျောက်ထုဘက်မှ စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကန်ပက်လက် CDF တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း CDFတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ ခုခံတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ချင်း – မကွေးနယ်စပ်ကန်ပက်လက်နယ်တွင်ဖေဖော်ဝါရီလကုန်ကတည်းက CDFနှင့် စစ်ကောင်စီတပ် အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။