Connect with us

Hi, what are you looking for?

News

BGF ဗိုလ်မှူးတစ်ဦးအိမ် လက်နက်ကြီးနဲ့ပစ်ခံရတယ်လို့ ဆို

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာဆိုတော့ကိုတော့ မသိရသေးပါဘူး။

ဘီးလင်းမြို့နယ်မှာနေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီဗိုလ်မှူးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ နေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးခင်မောင်ဝင်းရဲ့ နေအိမ်ဟာ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိနေတာကို တွေ့ရပါတယ်။

တချို့ကျည်တွေ့တော့ မပေါက်ကွဲပဲ ကျန်ရှိနေသေးတာကို တွေ့ရပြီး အခုလိုလာရောက်ပစ်ခတ်တာဟာ မိမိကို အပြီးလုပ်ကြံတာဖြစ်တယ်လို့ ဗိုလ်မှူးခင်မောင်ဝင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။

အခုလိုပစ်ခတ်တာဟာ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာဆိုတော့ကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook