Connect with us

Hi, what are you looking for?

LuduNwayOo

News

BGF ဗိုလ်မှူးတစ်ဦးအိမ် လက်နက်ကြီးနဲ့ပစ်ခံရတယ်လို့ ဆို

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာဆိုတော့ကိုတော့ မသိရသေးပါဘူး။

ဘီးလင်းမြို့နယ်မှာနေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးတစ်ဦးရဲ့ နေအိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ အဲ့ဒီဗိုလ်မှူးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ နေထိုင်တဲ့ ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးခင်မောင်ဝင်းရဲ့ နေအိမ်ဟာ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိနေတာကို တွေ့ရပါတယ်။

တချို့ကျည်တွေ့တော့ မပေါက်ကွဲပဲ ကျန်ရှိနေသေးတာကို တွေ့ရပြီး အခုလိုလာရောက်ပစ်ခတ်တာဟာ မိမိကို အပြီးလုပ်ကြံတာဖြစ်တယ်လို့ ဗိုလ်မှူးခင်မောင်ဝင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။

အခုလိုပစ်ခတ်တာဟာ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တာဆိုတော့ကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း KIA က ပြီးခဲ့သည့် နှစ်ပိုင်းကတည်း က အသိပေး​ကြေညာထားသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။