Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးထက်မနည်း ထပ်မံသေဟု PDFပြော

အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စစ်ဘေးရှောင် ပြည်သူ နေအိမ်၁၅လုံး လက်နက်ကြီး ထိမှန်ပြီး ၁၇ လုံးထက်မနည်းမီးလောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

(ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များကို တွေ့ရစဥ်)

▪️လဝက်ကျော် နေ့စဉ်တိုက်ပွဲဖြစ်နေ ၊တော်လှန်ရေးအင်အားစုများကို ပြည်သူများ ပံ့ပိုးကြရန် တိုက်တွန်း

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မတ်လ ၂ရက်မှ၄ရက်အတွင်း တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး ပြည်သူ့တော်လှန်ရေးရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန် သည်။

ဒီးမော့ဆို ဒေါကမီးကျေးရွာနှင့်ပူဖါးကျေးရွာတွင် စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ KNDF၊ KA၊လွိုင်ကော် PDFနှင့်အခြားတော်လှန်ရေးတပ် အင်အားစု များပူးပေါင်း ကာခုခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲ သုံးရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ ပြီးအခြားတော်လှန်ရေး ပူးပေါင်း တပ်ဘက်မှလည်း ထိခိုက်ဒဏ်ရာ ရသူ အချို့ရှိခဲ့ကြောင်း၊ ဒီးမော့ဆိုPDFမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စစ်ဘေးရှောင် ပြည်သူ နေအိမ်၁၅လုံး လက်နက်ကြီး ထိမှန်ပြီး ၁၇ လုံးထက်မနည်းမီးလောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ရှမ်း – ကာယား နယ်စပ် မိုးဗြဲဒေသနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁၆ရက်မှ တိုက်ပွဲများ ဖြစ်ခဲ့ရာ ယမန်နေ့အထိ ၁၇ရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်ဒီးမော့ဆိုမြို့ကို ဦးတည်ပြီး ဆက်လက်ထိုးစစ် ဆင်လာနေသောကြောင့် ပြည်သူများ အနေဖြင့် ဒီးမော့ဆိုမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများကို ဝိုင်းဝန်းကူညီကြရန် ဒီးမော့ဆို PDFက တိုက်တွန်းထားသည်။ တိုက်ပွဲပြင်းထန်နေ၍ ဒီးမော့ဆိုမြို့ရှိ ပြည်သူများလုံခြုံရေးအတွက် သတိရှိရှိသွားလာ ကြရန်လည်း အသိပေးထား သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။