Connect with us

Hi, what are you looking for?

News

လှိုင်သာယာမြို့နယ် (၅)ရပ်ကွက်ရုံး ပစ်ခတ်ခံရပြီး တစ်ဦးသေ

လက်ရှိတွင် လှိုင်သာယာမြို့ အောင်ဇေယျတံတားပေါ်တွင် ကားလေးများနှင့် ဆိုင်ကယ်များ အဓိကထားစစ်ဆေးနေသည်ဟုလည်း လှိုင်သာယာမြို့နေသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၆ရက်)နေ့လယ် ၁၂ နာရီခန့်က ရပ်ကွက်ရုံးရှေ့မှ ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးဟု ဆိုသည်။

“ကျွန်တော်တို့ အိမ်အနားမှာတင် ဖြစ်တာ။တစ်ဦးနေရာမှာတင် ပွဲချင်းပြီး သေတယ်တဲ့။ တစ်ဦးလည်း ထိသွားတယ်။အရေးပေါ်ကားလာတယ်။ စခတွေ ကားသုံးစီးနဲ့ လာပြီးစစ်ဆေး သွားတယ်။အခု အဲဒီရုံးနားမှာ စခတချို့ရှိသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လှိုင်သာယာမြို့ အောင်ဇေယျတံတားပေါ်တွင် ကားလေးများနှင့် ဆိုင်ကယ်များ အဓိကထားစစ်ဆေးနေသည်ဟုလည်း လှိုင်သာယာမြို့နေသူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“အင်အား ၂၀ကျော်လောက်ရှိတယ်။ အင်းစိန်ဘက်အခြမ်းမှာလည်း စစ်ကားအသေးနှစ်စီးရပ်ထားတယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၅ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးကို အဝေးထိန်းဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း God of Death (G.O.D) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။