Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာမြို့နယ် (၅)ရပ်ကွက်ရုံး ပစ်ခတ်ခံရပြီး တစ်ဦးသေ

လက်ရှိတွင် လှိုင်သာယာမြို့ အောင်ဇေယျတံတားပေါ်တွင် ကားလေးများနှင့် ဆိုင်ကယ်များ အဓိကထားစစ်ဆေးနေသည်ဟုလည်း လှိုင်သာယာမြို့နေသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၆ရက်)နေ့လယ် ၁၂ နာရီခန့်က ရပ်ကွက်ရုံးရှေ့မှ ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးဟု ဆိုသည်။

“ကျွန်တော်တို့ အိမ်အနားမှာတင် ဖြစ်တာ။တစ်ဦးနေရာမှာတင် ပွဲချင်းပြီး သေတယ်တဲ့။ တစ်ဦးလည်း ထိသွားတယ်။အရေးပေါ်ကားလာတယ်။ စခတွေ ကားသုံးစီးနဲ့ လာပြီးစစ်ဆေး သွားတယ်။အခု အဲဒီရုံးနားမှာ စခတချို့ရှိသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လှိုင်သာယာမြို့ အောင်ဇေယျတံတားပေါ်တွင် ကားလေးများနှင့် ဆိုင်ကယ်များ အဓိကထားစစ်ဆေးနေသည်ဟုလည်း လှိုင်သာယာမြို့နေသူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“အင်အား ၂၀ကျော်လောက်ရှိတယ်။ အင်းစိန်ဘက်အခြမ်းမှာလည်း စစ်ကားအသေးနှစ်စီးရပ်ထားတယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၅ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးကို အဝေးထိန်းဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း God of Death (G.O.D) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။