Connect with us

Hi, what are you looking for?

News

ကျောက်ဆည်ကန်တိုက်ပွဲတွင် ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား ဆေးကုသပေးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံ

ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNDF နှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် ဒေသ၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

မတ်လ ၆ရက် ကျောက်ဆည်ကန်တိုက်ပွဲတွင် KNDF အမှတ် (၁) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ဖမ်းဆည်းရရှိခဲ့ပြီး ဆေးဝါးကုသမှု‌များလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့နောက် Karenni State Police ထံတွင် သွားရောက်အပ်နှံခဲ့ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – KNDF

ထို့အပြင် စစ်ကောင်စီ လက်နက်အချို့ (MA1, MA2, MA4, MA Sinper ) အား သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNDF နှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။