Connect with us

Hi, what are you looking for?

News

ကျောက်ဆည်ကန်တိုက်ပွဲတွင် ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအား ဆေးကုသပေးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံ

ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNDF နှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် ဒေသ၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – KNDF

မတ်လ ၆ရက် ကျောက်ဆည်ကန်တိုက်ပွဲတွင် KNDF အမှတ် (၁) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ဖမ်းဆည်းရရှိခဲ့ပြီး ဆေးဝါးကုသမှု‌များလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့နောက် Karenni State Police ထံတွင် သွားရောက်အပ်နှံခဲ့ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – KNDF

ထို့အပြင် စစ်ကောင်စီ လက်နက်အချို့ (MA1, MA2, MA4, MA Sinper ) အား သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNDF နှင့် ဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook