Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်း စစ်ပွဲအတွက် ဆီးရီးယား ကြေးစား စစ်သားတွေ ငှားဖို့ ရုရှား ကြိုးစားနေ

ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ယူကရိန်း စစ်ပွဲအတွက် ဆီးရီးယားက ကြေးစား တိုက်ခိုက်ရေးသမားတွေကို ခေါ်ယူ အသုံးပြုဖို့ ရုရှားက ကြိုးစားနေကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဆီးရီးယားက တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ စစ်သားတွေကို အားဖြည့် ခေါ်ယူဖို့ အားထုတ်နေတာ မှန်ပေမယ့် ကြေးစားစစ်သားဦးရေ ဘယ်လောက်ထိ ခေါ်ဖို့ ရည်မှန်းထားသလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ပင်တဂွန်ရဲ့ အကြီးတန်း အရာရှိ တစ်ဦးက ဆိုပါတယ်။

ပူတင်က သူ့ရဲ့ ကျူးကျော်စစ်မှာ နိုင်ငံခြား ကြေးစားစစ်သားတွေရဲ့ လုပ်အားကိုပါ ရယူသင့်ပြီလို့ ယုံကြည်နေဟန်ရှိကြောင်း၊ ဒါပေမဲ့ လောလောဆယ် အချိန်ထိတော့ ယူကရိန်းကို ဆီးရီးယားက တိုက်ခိုက်ရေးသမားတွေ ရောက်လာတဲ့ ဘာအထောက်အထားမှ မတွေ့ရသေးကြောင်း အဲဒီ အရာရှိက မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း အစိုးရက ကျူးကျော် စစ်ပွဲအတွင်း ရုရှားစစ်သည် သောင်းနဲ့ချီ သေဆုံးခဲ့ပြီးပြီလို့ ကြေညာခဲ့ပေမယ့် ရုရှားကတော့ အသေအပျောက် ရာဂဏန်းလောက်သာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားလိုပဲ ယူကရိန်းကလည်း ပြည်ပက တိုက်ခိုက်ရေးသမားတွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားနေပါတယ်။ ရုရှား သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းဖက်က ပါဝင် တိုက်ခိုက်ပေးမယ့် နိုင်ငံခြားသားတွေကို ဗီဇာမလျှောက်ဘဲ ပြည်ဝင်ခွင့်ပေးမယ့် အထူးအမိန့်တစ်ရပ် ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ယူကရိန်းကို ကူညီ တိုက်ခိုက်ပေးလိုကြောင်း ဆက်သွယ် စာရင်းပေးထားသူ ဦးရေက နိုင်ငံပေါင်း ၅၂ ခုက လူပေါင်း ၂ သောင်းကျော် ရှိနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒီမိုင်ထရိုက် ကူလီဘာက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။