Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း စစ်ပွဲအတွက် ဆီးရီးယား ကြေးစား စစ်သားတွေ ငှားဖို့ ရုရှား ကြိုးစားနေ

ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ယူကရိန်း စစ်ပွဲအတွက် ဆီးရီးယားက ကြေးစား တိုက်ခိုက်ရေးသမားတွေကို ခေါ်ယူ အသုံးပြုဖို့ ရုရှားက ကြိုးစားနေကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဆီးရီးယားက တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ စစ်သားတွေကို အားဖြည့် ခေါ်ယူဖို့ အားထုတ်နေတာ မှန်ပေမယ့် ကြေးစားစစ်သားဦးရေ ဘယ်လောက်ထိ ခေါ်ဖို့ ရည်မှန်းထားသလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ ပင်တဂွန်ရဲ့ အကြီးတန်း အရာရှိ တစ်ဦးက ဆိုပါတယ်။

ပူတင်က သူ့ရဲ့ ကျူးကျော်စစ်မှာ နိုင်ငံခြား ကြေးစားစစ်သားတွေရဲ့ လုပ်အားကိုပါ ရယူသင့်ပြီလို့ ယုံကြည်နေဟန်ရှိကြောင်း၊ ဒါပေမဲ့ လောလောဆယ် အချိန်ထိတော့ ယူကရိန်းကို ဆီးရီးယားက တိုက်ခိုက်ရေးသမားတွေ ရောက်လာတဲ့ ဘာအထောက်အထားမှ မတွေ့ရသေးကြောင်း အဲဒီ အရာရှိက မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ် ဖက်ကနေ ထဲထဲဝင်ဝင် ပါဝင် တိုက်ခိုက်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့် ဆီးရီးယားက လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း အစိုးရက ကျူးကျော် စစ်ပွဲအတွင်း ရုရှားစစ်သည် သောင်းနဲ့ချီ သေဆုံးခဲ့ပြီးပြီလို့ ကြေညာခဲ့ပေမယ့် ရုရှားကတော့ အသေအပျောက် ရာဂဏန်းလောက်သာ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားလိုပဲ ယူကရိန်းကလည်း ပြည်ပက တိုက်ခိုက်ရေးသမားတွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားနေပါတယ်။ ရုရှား သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းဖက်က ပါဝင် တိုက်ခိုက်ပေးမယ့် နိုင်ငံခြားသားတွေကို ဗီဇာမလျှောက်ဘဲ ပြည်ဝင်ခွင့်ပေးမယ့် အထူးအမိန့်တစ်ရပ် ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ယူကရိန်းကို ကူညီ တိုက်ခိုက်ပေးလိုကြောင်း ဆက်သွယ် စာရင်းပေးထားသူ ဦးရေက နိုင်ငံပေါင်း ၅၂ ခုက လူပေါင်း ၂ သောင်းကျော် ရှိနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒီမိုင်ထရိုက် ကူလီဘာက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။