Connect with us

Hi, what are you looking for?

News

လွိုင်ကော် လင်ဖုံလေး၌ ယနေ့နံနက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိ

လက်ရှိ အခြေအနေအရ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုသေးရန် အသိပေးပန်ကြားကြောင်းလည်း KNDFက ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - KNDF

လွိုင်ကော်မြို့နယ် လင်ဖုံလေး လမ်းခွတွင် ယနေ့နံနက်က ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)က သတင်းထုတ်ပြန်ဃသည်။

ဓာတ်ပုံ – KNDF

မတ်လ ၉ရက် နံနက် ၆နာရီတွင် လင်ဖုံလေးလမ်းခွ၌ ကရင်နီတပ်မတော်(KA)၊ KNDFနှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF) ပူးပေါင်း အဖွဲ့များနှင့် စစ် ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – KNDF

လက်ရှိ အခြေအနေအရ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုသေးရန် အသိပေးပန်ကြားကြောင်းလည်း KNDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။