Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာနယ်ခံများကို စစ်ကောင်စီတပ်ဖမ်းဆီးမှု ဆက်တိုက်လုပ်နေဟု ဒေသခံပြော၊ တောင်ပြုန်းတွင် ဒလံတစ်ဦးရှင်းလင်းခံရ

စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းမှစ၍ မတ္တရာမြို့နယ်ရှိ သဖန်းကိုင်း၊ ကျောက်ဆည် လေး အပါအဝင် ကျေးရွာများကို ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်နှင့် တဲများကို မီးရှို့ခြင်းလုပ် ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း နေသည့် စစ်ကောင်စီ တပ်များက ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်။

“အုတ်ဖိုရွာမှာ အခြေစိုက်ထားတဲ့ စစ်ခွေးတွေက တော်တော်သောင်းကျန်း နေတယ်။ သူတို့ ပထမဆုံးဖမ်းမိတဲ့ သူကနေတစ်ဆင့် နောက်ထပ် နောက်ထပ်လူတွေဖမ်းပြီးတော့ ရိုက်နှက် စစ်ဆေးတာ တွေလုပ်နေတယ်။ ၇ရက်နေ့က အမျိုးသမီးအမျိုးသား ဖမ်းတာ၁၃ယောက် ရှိတယ်။ ဒီနေ့ ဖမ်းတာက အားလုံး ခြောက်ယောက်ရှိတယ်။ အားလုံးပေါင်း ၁၉ယောက်ရှိပြီ။ အဲဒီကနေ အုန်းလွတ်ဘက်ကို တက်သွားတဲ့ စစ်ကြောင်းက အုန်းလွတ်ရွာသားနှစ်ယောက်ကို ဖမ်းထားတယ်။ ဖမ်းထားပြီးတော့ ရိုက်နှက်စစ်ဆေးနေတာရှိတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းမှစ၍ မတ္တရာမြို့နယ်ရှိ သဖန်းကိုင်း၊ ကျောက်ဆည် လေး အပါအဝင် ကျေးရွာများကို ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်နှင့် တဲများကို မီးရှို့ခြင်းလုပ် ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

တစ်ဖက်တွင်လည်း မတ္တရာမြို့နယ် တောင်ပြုန်းရွာတွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မတ္တရာနယ်ခံ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တောင်ပြုန်းမှာ ညနေ ၆နာရီခွဲမှာ ပေါက်စီခေါ် ကျော်ဇေယျ။ အသက် ၄၀ဝန်းကျင်။ ရဲသတင်း ပေး၊ အင်ဖော်မာ၊ လမ်းကြောင်းပြ။ စစ်ကောင်စီဥက္ကဋ္ဌ လုပ်သူရဲ့လက်ရုံးပေါ့။ အပစ်ခံရတဲ့ နေရာက လောင်းကစားဝိုင်းမှာ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။