Connect with us

Hi, what are you looking for?

News

မတ္တရာနယ်ခံများကို စစ်ကောင်စီတပ်ဖမ်းဆီးမှု ဆက်တိုက်လုပ်နေဟု ဒေသခံပြော၊ တောင်ပြုန်းတွင် ဒလံတစ်ဦးရှင်းလင်းခံရ

စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းမှစ၍ မတ္တရာမြို့နယ်ရှိ သဖန်းကိုင်း၊ ကျောက်ဆည် လေး အပါအဝင် ကျေးရွာများကို ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်နှင့် တဲများကို မီးရှို့ခြင်းလုပ် ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်း နေသည့် စစ်ကောင်စီ တပ်များက ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်။

“အုတ်ဖိုရွာမှာ အခြေစိုက်ထားတဲ့ စစ်ခွေးတွေက တော်တော်သောင်းကျန်း နေတယ်။ သူတို့ ပထမဆုံးဖမ်းမိတဲ့ သူကနေတစ်ဆင့် နောက်ထပ် နောက်ထပ်လူတွေဖမ်းပြီးတော့ ရိုက်နှက် စစ်ဆေးတာ တွေလုပ်နေတယ်။ ၇ရက်နေ့က အမျိုးသမီးအမျိုးသား ဖမ်းတာ၁၃ယောက် ရှိတယ်။ ဒီနေ့ ဖမ်းတာက အားလုံး ခြောက်ယောက်ရှိတယ်။ အားလုံးပေါင်း ၁၉ယောက်ရှိပြီ။ အဲဒီကနေ အုန်းလွတ်ဘက်ကို တက်သွားတဲ့ စစ်ကြောင်းက အုန်းလွတ်ရွာသားနှစ်ယောက်ကို ဖမ်းထားတယ်။ ဖမ်းထားပြီးတော့ ရိုက်နှက်စစ်ဆေးနေတာရှိတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းမှစ၍ မတ္တရာမြို့နယ်ရှိ သဖန်းကိုင်း၊ ကျောက်ဆည် လေး အပါအဝင် ကျေးရွာများကို ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်နှင့် တဲများကို မီးရှို့ခြင်းလုပ် ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

တစ်ဖက်တွင်လည်း မတ္တရာမြို့နယ် တောင်ပြုန်းရွာတွင် စစ်ကောင်စီသတင်းပေးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မတ္တရာနယ်ခံ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တောင်ပြုန်းမှာ ညနေ ၆နာရီခွဲမှာ ပေါက်စီခေါ် ကျော်ဇေယျ။ အသက် ၄၀ဝန်းကျင်။ ရဲသတင်း ပေး၊ အင်ဖော်မာ၊ လမ်းကြောင်းပြ။ စစ်ကောင်စီဥက္ကဋ္ဌ လုပ်သူရဲ့လက်ရုံးပေါ့။ အပစ်ခံရတဲ့ နေရာက လောင်းကစားဝိုင်းမှာ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။