Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်းများသယ်ယူပို့ဆောင်ပေးသည့် ယာဉ်များကို အရေးယူမည်ဟု ကနီ PDF အသိပေး

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များ၏ ပစ္စည်းများကို ဝယ်ယူသယ်ဆောင်တင်ပို့နေသော ကုန်း ကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်များ၏ စာရင်းကိုလည်း လေ့လာပြီးဖြစ်သည်ဟု ဆိုသည်။

(ကနီ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကုန်းကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်ပိုင်ရှင်များအနေဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များနှင့် ပတ်သက်သည့် ပစ္စည်းများ ဝယ်ယူသယ်ဆောင် တင်ပို့မှုများ လုပ်ဆောင်ပါက ညှိနှိုင်းခြင်းမရှိဘဲ အရေးယူဆောင်ရွက်သွားမည်ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်လိုက်သည်။

ကနီမြို့နှင့် ကနီမြို့နယ်အတွင်းရှိ အိမ်စီးကား၊ လိုင်းကား ၊ ကုန်ကားနှင့် ရေကြောင်း၊ ကုန်းကြောင်း စက်တပ်ယာဥ်များ၏ ပိုင်ရှင်များအနေနှင့် စခများ ၊ စခ ထောက်တိုင်များ ၊ ဒလန်များ ၊ ပျူစောထီးများနှင့် ဆက်စပ်နေသော မည့်သည့် ပစ္စည်းကိုမဆို ဝယ်ယူသယ်ဆောင်တင်ပို့ပေးခြင်း ၊ နာမည်လွှဲများဖြင့် ဝယ်ယူသယ်ဆောင်တင်ပို့ခြင်းများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လုံးဝ (လုံးဝ)မပြုလုပ်ရန် အသိပေးအပ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များ၏ ပစ္စည်းများကို ဝယ်ယူသယ်ဆောင်တင်ပို့နေသော ကုန်း ကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်များ၏ စာရင်းကိုလည်း လေ့လာပြီးဖြစ်သည်ဟု ဆိုသည်။

တိကျခိုင်လုံစွာစစ်ဆေးတွေ့ရှိပါက မည်သို့သောညှိနှိုင်းဆောင်ရွက်မှု့မှ လုံးဝ(လုံးဝ)လုပ်ဆောင်မှု့မပြုလုပ်ဘဲစက်တပ်ယာဉ်များနှင့် တင်ဆောင်လာသော ပစ္စည်းများ အားလုံးကိုပြည်သူပိုင် သိမ်းဆည်း၍ ဝယ်ယူသယ် ဆောင်တင်ပို့သော ယာဉ်ပိုင်ရှင်များကို အန္တရာယ်ရှိ၍ ပြင်းထန်သော အရေးယူဆောင် ရွက်မှု့ များပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်သားစွာ အသိပေးသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိသော မိဘပြည်သူများအနေနှင့် ထုတ်ပြန်ချက်အား လိုက်နာမှုမရှိသည့်လုပ်ဆောင်မှု့များ တွေ့ရှိပါက ခိုင်လုံသောသက်သေ အထောက်အထားများနှင့်အချိန်မီ သတင်းပေး ကူညီကြရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုင်များ၏ လှုပ်ရှားဆောင်ရွက်မှု့များကို သတင်းပေးကြရန် နှင့် စစ်ကောင်စီထောက်တိုင်များကို ပြတ်သားစွာ အမြစ်ဖြတ်ကြရန် ကနီ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။