Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်းများသယ်ယူပို့ဆောင်ပေးသည့် ယာဉ်များကို အရေးယူမည်ဟု ကနီ PDF အသိပေး

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များ၏ ပစ္စည်းများကို ဝယ်ယူသယ်ဆောင်တင်ပို့နေသော ကုန်း ကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်များ၏ စာရင်းကိုလည်း လေ့လာပြီးဖြစ်သည်ဟု ဆိုသည်။

(ကနီ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကုန်းကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်ပိုင်ရှင်များအနေဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များနှင့် ပတ်သက်သည့် ပစ္စည်းများ ဝယ်ယူသယ်ဆောင် တင်ပို့မှုများ လုပ်ဆောင်ပါက ညှိနှိုင်းခြင်းမရှိဘဲ အရေးယူဆောင်ရွက်သွားမည်ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်လိုက်သည်။

ကနီမြို့နှင့် ကနီမြို့နယ်အတွင်းရှိ အိမ်စီးကား၊ လိုင်းကား ၊ ကုန်ကားနှင့် ရေကြောင်း၊ ကုန်းကြောင်း စက်တပ်ယာဥ်များ၏ ပိုင်ရှင်များအနေနှင့် စခများ ၊ စခ ထောက်တိုင်များ ၊ ဒလန်များ ၊ ပျူစောထီးများနှင့် ဆက်စပ်နေသော မည့်သည့် ပစ္စည်းကိုမဆို ဝယ်ယူသယ်ဆောင်တင်ပို့ပေးခြင်း ၊ နာမည်လွှဲများဖြင့် ဝယ်ယူသယ်ဆောင်တင်ပို့ခြင်းများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လုံးဝ (လုံးဝ)မပြုလုပ်ရန် အသိပေးအပ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များ၏ ပစ္စည်းများကို ဝယ်ယူသယ်ဆောင်တင်ပို့နေသော ကုန်း ကြောင်း ၊ ရေကြောင်း စက်တပ်ယာဉ်များ၏ စာရင်းကိုလည်း လေ့လာပြီးဖြစ်သည်ဟု ဆိုသည်။

တိကျခိုင်လုံစွာစစ်ဆေးတွေ့ရှိပါက မည်သို့သောညှိနှိုင်းဆောင်ရွက်မှု့မှ လုံးဝ(လုံးဝ)လုပ်ဆောင်မှု့မပြုလုပ်ဘဲစက်တပ်ယာဉ်များနှင့် တင်ဆောင်လာသော ပစ္စည်းများ အားလုံးကိုပြည်သူပိုင် သိမ်းဆည်း၍ ဝယ်ယူသယ် ဆောင်တင်ပို့သော ယာဉ်ပိုင်ရှင်များကို အန္တရာယ်ရှိ၍ ပြင်းထန်သော အရေးယူဆောင် ရွက်မှု့ များပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်သားစွာ အသိပေးသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်ကို လုံးဝအလိုမရှိသော မိဘပြည်သူများအနေနှင့် ထုတ်ပြန်ချက်အား လိုက်နာမှုမရှိသည့်လုပ်ဆောင်မှု့များ တွေ့ရှိပါက ခိုင်လုံသောသက်သေ အထောက်အထားများနှင့်အချိန်မီ သတင်းပေး ကူညီကြရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုင်များ၏ လှုပ်ရှားဆောင်ရွက်မှု့များကို သတင်းပေးကြရန် နှင့် စစ်ကောင်စီထောက်တိုင်များကို ပြတ်သားစွာ အမြစ်ဖြတ်ကြရန် ကနီ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။