Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်တိုက်ပွဲ စစ်​ကောင်စီတပ် သုံးဦး​သေဟု PDF ​ပြော

ကမ်းဖြူရွာဘက်မှ ‌ရွှေကျင်​ကျေးရွာသို့ အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ကုန်းရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် PDF တပ်ရင်း(၂) က ယနေ့ (မတ်လ ၁၁ ရက်) ထုတ်ပြန် သည်။

ကမ်းဖြူရွာဘက်မှ ‌ရွှေကျင်​ကျေးရွာသို့ အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ကုန်းရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ မတ်လ ၉ ရက် ညနေ ၃ နာရီခန့်ကစ၍ ထိတွေ့မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်မှသုံးဦး ​သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက် နံနက် ၆ နာရီဝန်းကျင်က တောင်ကုံကျေးရွာရှိ ပြည်သူနေအိမ် ငါးလုံးကို အကြမ်းဖက်မီးရှို့ ဖျက်ဆီးသွားပြီးနောက် ဝက်လက်မြို့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားစစ်ကောင်စီတပ်သားများအနက် အောက်ခြေတပ်သား တစ်ဦးအား ဖြစ်သလို သဂြိုလ်သွားခဲ့၍ ပ.က.ဖ အဖွဲ့များမှ ကောင်းကောင်းမွန်ပြန်လည် သဂြိုလ်ပေးခဲ့‌ရကြောင်းလည်း အသိပေးသည်။

ထိတွေ့တိုက်ပွဲ့၌ ဝက်လက် PDF တပ်ရင်း (၂)နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ အကျအဆုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။