Connect with us

Hi, what are you looking for?

News

ပိဋကတ်ကျရွာသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေဟု ​ရေဦး PDF​ပြော

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက်မှတစ်ဆင့် ယနေ့(မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်လာခဲ့သည်ဟု ဆို သည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပိဋကတ်ကျကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ​ရေဦး PDFက ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် မူးသာကျေးရွာမှ မူးမြစ်အနောက်ဘက်မှတစ်ဆင့် ယနေ့(မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်လာခဲ့သည်ဟု ဆို သည်။

“မနက် ၃နာရီကတည်းက တိုက်ပွဲစဖြစ်တာ။စစ်ခ တပ်က အင်အား ၈၀ကျော်ပါတယ်။စခ သုံး ယောက်၊ဗိုလ်ကြီးတစ်ဦးအပါအဝင် .သေတယ်”ဟု ​ရေဦးPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို နံနက် ၁၁ နာရီခန့်က လေယာဥ်ဖြင့် လာရောက်သယ်ယူသွားသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ ရွှေဘိုမြို့နယ်၊ခင်ဦးမြို့နယ်၊တန့်ဆည်မြို့နယ်၊ဒီပဲယင်းမြို့နယ်၊ဝက်လက်မြို့နယ် နှင့် ရေဦးမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် နေပြီး ဒေသခံပြည်သူများနှင့် လူနေအိမ်များကို နေ့စဥ် မီးရှို့ သတ်ဖြတ်လျှက်ရှိသည်။

ထို့အပြင် ယခုလဆန်းပိုင်းကစ၍ စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီတပ်ကအင်တာနက် လိုင်းများဖြတ်တောက် ၍ သတင်းအမှောင်ချထားသည်။

ယင်းမာပင်နှင့် ခင်ဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်အရ ဓာတု လက်နက်များကိုပါ စစ်အုပ်စုက အသုံးပြုနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။