Connect with us

Hi, what are you looking for?

News

စစ်ကိုင်း​ဆေးရုံတွင် အ​စောင့်ကျစစ်မှုထမ်းအချင်းချင်းပစ်ခတ်၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဆေးရုံတွင် အစောင့်ကျနေသော စစ်မှုထမ်းဟောင်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာနှစ်ဦးသေဆုံးပြီးတစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၁၂ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့ ကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်ကောင်စီကခန့်အပ်ထားသည့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများပြီး ပစ်ခတ်ကြရာ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး အရေးပေါ်အခြေအနေမှာရှိနေကာ စိုးရိမ်ရကြောင်း ဆေးရုံနှင့်နီးစပ်သူများ၏ ပြောကြားချက် ကိုးကားကာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ