Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်း​ဆေးရုံတွင် အ​စောင့်ကျစစ်မှုထမ်းအချင်းချင်းပစ်ခတ်၍ နှစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဆေးရုံတွင် အစောင့်ကျနေသော စစ်မှုထမ်းဟောင်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာနှစ်ဦးသေဆုံးပြီးတစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၁၂ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့ ကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်ကောင်စီကခန့်အပ်ထားသည့် စစ်မှုထမ်းဟောင်းများ အချင်းချင်းစကားများပြီး ပစ်ခတ်ကြရာ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး အရေးပေါ်အခြေအနေမှာရှိနေကာ စိုးရိမ်ရကြောင်း ဆေးရုံနှင့်နီးစပ်သူများ၏ ပြောကြားချက် ကိုးကားကာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကိုင်းကုတင် ၂၀၀ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှု ထမ်းဟောင်းသက်ကြီးရွယ်အိုများအား အကြမ်းဖက်စစ်ကောင်စီက တစ်ရက်လျှင် နေ့စားခ ၇,၀၀၀ ကျပ်နှုန်းဖြင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အတည်ပြုရန်ကြိုးစားနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီးဒီ/People’s Spring မတ်လ၏ အပူဒဏ်ကို နေရာအတော်များများ ခံစားရသော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်းသရောမြစ် အနီးတွင်တော့ အအေးဓာတ်ရနေပါသည်။ ညပိုင်းနှင့် နံနက်ခင်းတို့တွင် ဖြစ်၏။ ထိုအချိန်ပိုင်းတွင် အနွေးထည် ခပ်ပါးပါးဝတ်ထားရသည်အထိ အအေးဓာတ်ရှိပါသည်။ နံနက်ခင်း အာရုဏ်တက်ချိန် ရောက်သည်နှင့် အဆိုပါ ဟောင်းသရောမြစ်ကမ်းဘေး တနေရာ၌...

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွား‌သောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။