Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ၊ မဟာမိတ်အဖွဲ့မှ ရဲ​ဘော်သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

(​ရွှေဓါးဗိုလ်တပ်သား ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်)

ယမန်နေ့(မတ်လ ၁၂ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်း တိုင်း ပုလဲမြို့နယ် သုံးကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ခန့်အား မဟာမိတ်တပ်ဖွဲများဖြစ်ကြသောရွှေဓါးဗိုလ်ပြည်သူ့ကာကွယ်ရေးတပ်-SDB၊ Pale People’s Defence Force PPDF၊ ပုလဲ မြေပြန့်ဒေသကာကွယ်ရေးအင်အားစု – PPDG ၊ Pale People’s Defence၊ Force-Headquarters၊ ပ.က.ဖ၊ ပုံတောင်တိုက်ဂါး၊ Pale Jokers အစရှိသည့် ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုအဖွဲ့မှ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မိနစ် ၄၀ခန့် အပြန်အလှန်ပစ်ခတ်ကြကာ တိုက်ပွဲအတွင်းတွင် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံး ဦးကျဆုံးပြီး ​လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရွှေဓါးဗိုလ်ပြည်သူ့ကာကွယ်ရေးတပ်-SDBက သတင်းထုတ်ပြန်သည်။

Public Service Announcement

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွား‌‌သော အကြမ်းဖက်စစ်သားအရေအတွက် စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း၊ ယနေ့တိုက်ပွဲတွင် တိုင်းပြည်နှင့် ပြည်သူ့အတွက်အသက်‌‌ပေးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အာဇာနည် သုံးဦးအား အလေးပြုပြီး ပြည်သူများအနေဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ ရဲဘော်များအား ဝိုင်းဝန်းကူညီကြရန် ရွှေဓါးဗိုလ်ပြည်သူ့ကာကွယ် ရေးတပ်-SDBအဖွဲ့က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။