Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ၊ မဟာမိတ်အဖွဲ့မှ ရဲ​ဘော်သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

(​ရွှေဓါးဗိုလ်တပ်သား ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်)

ယမန်နေ့(မတ်လ ၁၂ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်း တိုင်း ပုလဲမြို့နယ် သုံးကန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ခန့်အား မဟာမိတ်တပ်ဖွဲများဖြစ်ကြသောရွှေဓါးဗိုလ်ပြည်သူ့ကာကွယ်ရေးတပ်-SDB၊ Pale People’s Defence Force PPDF၊ ပုလဲ မြေပြန့်ဒေသကာကွယ်ရေးအင်အားစု – PPDG ၊ Pale People’s Defence၊ Force-Headquarters၊ ပ.က.ဖ၊ ပုံတောင်တိုက်ဂါး၊ Pale Jokers အစရှိသည့် ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုအဖွဲ့မှ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မိနစ် ၄၀ခန့် အပြန်အလှန်ပစ်ခတ်ကြကာ တိုက်ပွဲအတွင်းတွင် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံး ဦးကျဆုံးပြီး ​လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရွှေဓါးဗိုလ်ပြည်သူ့ကာကွယ်ရေးတပ်-SDBက သတင်းထုတ်ပြန်သည်။

Public Service Announcement

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွား‌‌သော အကြမ်းဖက်စစ်သားအရေအတွက် စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း၊ ယနေ့တိုက်ပွဲတွင် တိုင်းပြည်နှင့် ပြည်သူ့အတွက်အသက်‌‌ပေးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အာဇာနည် သုံးဦးအား အလေးပြုပြီး ပြည်သူများအနေဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ ရဲဘော်များအား ဝိုင်းဝန်းကူညီကြရန် ရွှေဓါးဗိုလ်ပြည်သူ့ကာကွယ် ရေးတပ်-SDBအဖွဲ့က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။