Connect with us

Hi, what are you looking for?

News

NUGကို အစိုးရတစ်ရပ်အဖြစ် သဘောထားဖို့ ဗြိတိန်အစိုးရကို အောက်လွှတ်တော် တောင်းဆို

ဗြိတိန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ “မြန်မာ့အရေးအပေါ် ဗြိတိန်အစိုးရရဲ့ တုန့်ပြန်ချက်” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဇူလိုင် ၁၆ မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာမှာ NUG ကို အသိအမှတ်ပြုရေးနဲ့ စစ်ကောင်စီကို အသိအမှတ် မပြုဖို့ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ကို မကြာမီအုပ်ချုပ်မယ့်အစိုးရတစ်ရပ်အဖြစ် သဘောထားဖို့ ဗြိတိန်အစိုးရကို အောက်လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ “မြန်မာ့အရေးအပေါ် ဗြိတိန်အစိုးရရဲ့ တုန့်ပြန်ချက်” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဇူလိုင် ၁၆ မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာမှာ NUG ကို အသိအမှတ်ပြုရေးနဲ့ စစ်ကောင်စီကို အသိအမှတ် မပြုဖို့ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။

တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အာမခံထားတဲ့ NUG ရဲ့ ရှင်း လင်းပြီး ဆက်လက်လုပ်ဆောင်မယ့် ကတိကဝတ်တွေနဲ့ အတိတ်က ပြစ်မှုတွေအပေါ် တရားမျှတမှုဖော်ဆောင်ရေးအလား အလာတွေကြောင့် NUG ကို အစိုးရတစ်ရပ်အဖြစ် သဘောထားဖို့ ဗြိတိန်အောက်လွှတ်တော်က ထောက်ခံထားပါတယ်။

တစ်ချိန်တည်းမှာ ဗြိတိန်အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ မြန်မာစစ်တပ်အာဏာပိုင်တွေကို ဘယ်လိုနည်းနဲ့မျှ တရားဝင်မှုမပေးဖို့ အောက်လွှတ်တော်က တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံနဲ့အတူ အလုပ်လုပ်ပြီး နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေး အပါအဝင် ကြားဝင်ဖျန်ဖြေရေးလုပ်ငန်းစဥ်အားလုံးကို အခြေခံအားဖြင့်ပါဝင်ဖို့လည်း ဗြိတိန်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေးဆက်လက်လုပ်ဆောင်သင့်ပြီး စည်းနှောင်မှုရှိတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေလည်း လက်နက်ရောင်းချမှုပိတ်ပင်ရေးကို ကြိုးစားဖို့အကြံပြုထားပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို အရေးယူဒဏ်ခတ်ဖို့၊ စစ်တပ်ဆီစီးဝင်နေတဲ့ အကျိုးအမြတ်တွေကို ပိတ်ဆို့တားမြစ်ဖို့ အချက်တွေကိုလည်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နောက်ပြီး စစ်တပ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်ကင်းလွှတ်ခွင့်မပေးဖို့နဲ့ တရားမျှတမှုရင်ဆိုင်စေရေးရှိစေဖို့ ဗြိတိန်အစိုးရကို အောက်လွှတ်တော်က တိုက်တွန်းထားပါတယ်။

လန်ဒန်ရှိ ​မြန်မာသံရုံးကို စစ်တပ်က နေရာယူမှုကြောင့် ဗီဇာသက်တမ်းတိုးဖို့ ခက်ခဲနေတဲ့ ဗြိတိန်ရောက် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။