Connect with us

Hi, what are you looking for?

News

အီရတ်က အမေရိကန် ကောင်စစ်ဝန်ရုံးကို ဒုံးကျည် တစ်ဒါဇင်လောက်နဲ့ ပစ်ခတ်တာခံရ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ဒီဒုံးကျည်တွေကို အီရန် ပိုင်နက်ထဲကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အခုလုပ်ရပ်ဟာ အီရတ် နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ထိပါးပြီး အကြမ်းဖက် သဘောထားတွေကို ပြသနေတယ်လို့လည်း အဲဒီ အရာရှိက ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

အီရတ်နိုင်ငံက အမေရိကန် ကောင်စစ်ဝန်ရုံး တစ်ခုကို ဒုံးကျည် တစ်ဒါဇင်လောက်နဲ့ ပစ်ခတ် တိုက်ခိုက်မှု ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

အီရတ်နိုင်ငံ၊ ကာဒစ္စတန် ပြည်နယ်ရဲ့ မြို့တော် အာရ်ဘီလ်မှာ ရှိနေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး တဝိုက်ကို မတ်လ ၁၂ ရက် ညပိုင်းက ဒုံးကျည်တွေ ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ အသေအပျောက် မရှိခဲ့ပေမယ့် ဒုံးကျည် ထိမှန်တဲ့ အဆောက်အအုံ တချို့တော့ ထိခိုက် ပျက်စီးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်ကတော့ ဒီဒုံးကျည်တွေကို အီရန် ပိုင်နက်ထဲကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အခုလုပ်ရပ်ဟာ အီရတ် နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ထိပါးပြီး အကြမ်းဖက် သဘောထားတွေကို ပြသနေတယ်လို့လည်း အဲဒီ အရာရှိက ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

အာဘီလ်မှာ အသစ် တည်ဆောက်ထားတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ အပျက်အစီး မရှိခဲ့သလို ရုံးဝန်ထမ်း တစ်ယောက်မှလည်း ဒဏ်ရာ မရခဲ့ကြောင်း အမည်မဖော်လိုတဲ့ အရာရှိက ပြောပါတယ်။ အီရတ် အာဏာပိုင်တွေကတော့ အာရ်ဘီလ် မြို့ထဲကို ကျရောက် ပေါက်ကွဲတဲ့ ဒုံးကျည် အရေအတွက် တစ်ဒါဇင်လောက်ထိ များပြားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကာဒစ္စတန်ဟာ ကာ့ဒ်မျိုးနွယ်စုတွေ အဓိက နေထိုင်တဲ့ ပြည်နယ်တစ်ခုပါ။ အခု တိုက်ခိုက်မှုကို ပြည်နယ် အစိုးရနဲ့ အီရတ် အစိုးရတို့ ပူးပေါင်းပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲတဲ့ ကိစ္စကို အမေရိကန် ကောင်စစ်ဝန်ရုံးက အတည်ပြုပေမယ့် ဘယ်အမျိုးအစား ဒုံးကျည်တွေလဲ ဆိုတာကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးက ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်နားမှာ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး ရက်ပိုင်း အကြာမှာပဲ အခုလို ဒုံးကျည် ပစ်ခတ်မှုတွေ ကြုံတွေ့လာတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။