Connect with us

Hi, what are you looking for?

News

ကား၊ ဆိုင်ကယ်များ အ​ရေးတကြီး​မောင်းလာပါက လမ်းဖယ်​ပေးရန်နှင့် ​သေနတ်ချိန်လမ်း​တောင်းမိပါက ခွင့်လွှတ်​ပေးရန် TUGF ​မေတ္တာရပ်ခံ

စစ်ဆင်ရေးများကို အချိန်အတိအကျ ဇာတ်တိုက်လေ့ကျင့်ထားခြင်းဖြစ်သောကြောင့် အချိန်လွဲ၍ မရကြောင်းနှင့် အချိန်လွဲသွားပါက ကြုံရနိုင်သည့် လမ်းပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ TUGF က ပြည်သူများကို မေတ္တာရပ်ခံထားသည်။

(ရန်ကုန်မြို့လယ်တွင် ယာဥ်များသွားလာ​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

▪️စစ်ဆင်​ရေးများမှာ အချိန်တိကျ၊ဇာတ်တိုက်ထား၍ အချိန်လွဲ၍ မရဟုဆို

မိဘပြည်သူများအနေဖြင့် ကား၊ဆိုင်ကယ်များ အရေး တကြီးမောင်းလာလျှင် လမ်းဖယ်ပေးရန်နှင့် သေနတ်ချိန်၍ လမ်းတောင်းမိပါက ခွင့်လွှတ်ပေးရန် ကြိုတင်တောင်းပန်ကြောင်း Thaketa’s Urban Guerrilla Force – TUGF က မေတ္တာရပ်ခံစာထုတ်ပြန်သည်။

မိဘပြည်သူများသို့ ကြိုတင်၍ တောင်းပန်ထားခြင်း ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ မြို့ပြများ၌ အပြန်အလှန်ပစ်ခတ်မှုများ ကြုံ‌တွေ့လာနိုင်သောကြောင့် ပြည်သူများ သတိထား‌ နေထိုင်သင့်သည့် အကြောင်းအရာများကို TUGF က အကြံပြုထားသည်။

“သာမန် မိမိကျင်လည် သွားလာလှုပ်ရှား နေထိုင်ရာများမှာ ပေါက်ကွဲသံတခုနဲ့တင်ရပ်မသွားပဲ အပြန် အလှန်ပစ်ခတ်သံများ ကြားရပါက ……..ပြည်သူများ အနေနဲ့ မစပ်စုပဲ လိုရာခရီးသာ ဆက်သွား​ပေးကြပါရန်နှင့် ဝမ်းသာအားရဖြင့်ထွက်၍ အားမပေးမိဖို့နဲ့ မှတ်တမ်းများ မတင်မိဖို့အရေးကြီးပါသည်”ဟု အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အိမ်တွင်မဟုတ်ပဲ ဝမ်းရေးပြင်ပသို့ထွက်၍ လှုပ်ရှားနေရသူများအနေဖြင့် ယင်းအခြေ အနေကြုံရပါက နီးစပ်ရာ အဆောက်အဦးသို့မဟုတ် လမ်းကြားထဲသို့ဝင်ရန် အကြံပြုထားသည်။

စစ်ဆင်ရေးများကို အချိန်အတိအကျ ဇာတ်တိုက်လေ့ကျင့်ထားခြင်းဖြစ်သောကြောင့် အချိန်လွဲ၍ မရကြောင်းနှင့် အချိန်လွဲသွားပါက ကြုံရနိုင်သည့် လမ်းပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ TUGF က ပြည်သူများကို မေတ္တာရပ်ခံထားသည်။

“မိဘပြည်သူများကို အနူးအညွှတ်တောင်းပန်လိုတာက အရေးတကြီး ကား၊ဆိုင်ကယ် မောင်းလာခဲ့ရင် လမ်းတောင်းခဲ့ရင် လမ်းဖယ်ပေးဖို့ပါ။ အဲ့ဒီအချိန် ရန်သူ မိဘကျေးဇူးရှင် မကွဲပြားလို့ လက်နက်ထိုးချိန် လမ်းတောင်းခဲ့ရင်လည်း သားဆိုးသားမိုက် များကို မေတ္တာနဲ့ ကြည့်ရှု ခွင့်လွှတ်ပေးကြပါလို့ မိဘပြည်သူ ကျေးဇူးရှင်များအား ကြိုတင်တောင်းပန်အပ်ပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုနှစ်နှစ်စပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသော ကြောင့် ပြည်သူများ အသွားအလာ အနေအထိုင် ဂရုစိုက်ကြရန် မြို့ပြပျောက်ကျားအဖွဲ့များကအသီးသီး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။