Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ဖင်လန် ရပ်တည်

၁၄၆ နိုင်ငံ ပါဝင်တဲ့ စာရင်းမှာ မြန်မာက ရမှတ် ၄.၃၉၄ မှတ်နဲ့ အဆင့် ၁၂၆ မှာ ရှိနေပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေတာကတော့ အာဖဂန် နစ္စတန်ဖြစ်ပြီး အမှတ် ၂.၄၀၄ မှတ်သာ ရတဲ့ထိ အခြေအနေ ဆိုးနေပါတယ်။

ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ဖင်လန်နိုင်ငံက ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင် ရပ်တည်နေပါတယ်။

နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ ပျော်ရွှင်မှု နှစ်ပတ်လည် အစီရင်ခံစာမှာ မနှစ်ကလိုပဲ ဖင်လန်ကပဲ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာဟာ နိုင်ငံအလိုက် လူ့အခွင့်အရေး ပြည့်ဝမှု၊ အခြေခံဝင်ငွေ၊ တရားဥပဒေ စိုးမိုးမှု အစရှိတဲ့ အကြောင်းအချက်တွေအပေါ် အခြေခံပြီး ထုတ်ပြန်ထားတာပါ။ ရမှတ် သုညဆိုရင် အဆိုးဆုံး နိုင်ငံလို့ ယူဆပြီး ပျော်စရာ အကောင်းဆုံးဆိုတဲ့ အမှတ်ပြည့်က တစ်ဆယ်မှတ် ဖြစ်ပါတယ်။

ဒီနှစ် ထုတ်ပြန်တဲ့ စာရင်းဟာ မနှစ်ကနဲ့ သိပ်ပြီး ကြီးကြီးမားမား ခြားနားချက် မရှိလှဘဲ ဖင်လန်က ၇.၈၂၁ မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဖင်လန်ရဲ့ အိမ်နီးချင်း စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ နော်ဝေး၊ အိုက်စ်လန်တို့ အားလုံး ပျော်စရာကောင်းတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မနှစ်ကထက် ၃ ဆင့်တက်လာပြီး အဆင့် ၁၆ မှာ ရှိနေသလို နယူးဇီလန်က အဆင့် ၁၀၊ ဩစတြေးလျက အဆင့် ၁၁၊ ဗြိတိန်က အဆင့် ၁၇ အသီးသီး ချိတ်ကြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ စင်ကာပူက ပျော်စရာ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၇ မှာ ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

၁၄၆ နိုင်ငံ ပါဝင်တဲ့ စာရင်းမှာ မြန်မာက ရမှတ် ၄.၃၉၄ မှတ်နဲ့ အဆင့် ၁၂၆ မှာ ရှိနေပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေတာကတော့ အာဖဂန် နစ္စတန်ဖြစ်ပြီး အမှတ် ၂.၄၀၄ မှတ်သာ ရတဲ့ထိ အခြေအနေ ဆိုးနေပါတယ်။

လက်ရှိ စစ်မက်ဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်းတို့ကတော့ အဆင့် ၈၀ နဲ့ ၉၈ နေရာတွေမှာ အသီးသီး ရပ်တည်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေနဲ့ မပတ်သက်ဖို့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ မူဝါဒကို ဖင်လန်နိုင်ငံက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ အားပေးတဲ့ ဘောလုံးကလပ်က တန်းဆင်းသွားခဲ့တာကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်ကို မီးတင်ရှို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ် နှစ်စီး ပျံသန်းရင်း တိုက်မိရာက လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ စာရင်းစတင် ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အပျော်ရွှင်ဆုံး ထိပ်တန်းနိုင်ငံ ၂၀ စာရင်းကနေ ပထမဆုံးအကြိမ် အဆင့်ကျသွားခဲ့ပြီး နံပါတ် ၂၃ နေရာမှာ ရပ်တည်နေပါတယ်။