Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ဖင်လန် ရပ်တည်

၁၄၆ နိုင်ငံ ပါဝင်တဲ့ စာရင်းမှာ မြန်မာက ရမှတ် ၄.၃၉၄ မှတ်နဲ့ အဆင့် ၁၂၆ မှာ ရှိနေပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေတာကတော့ အာဖဂန် နစ္စတန်ဖြစ်ပြီး အမှတ် ၂.၄၀၄ မှတ်သာ ရတဲ့ထိ အခြေအနေ ဆိုးနေပါတယ်။

ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ဖင်လန်နိုင်ငံက ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင် ရပ်တည်နေပါတယ်။

နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ ပျော်ရွှင်မှု နှစ်ပတ်လည် အစီရင်ခံစာမှာ မနှစ်ကလိုပဲ ဖင်လန်ကပဲ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ အဲဒီ အစီရင်ခံစာဟာ နိုင်ငံအလိုက် လူ့အခွင့်အရေး ပြည့်ဝမှု၊ အခြေခံဝင်ငွေ၊ တရားဥပဒေ စိုးမိုးမှု အစရှိတဲ့ အကြောင်းအချက်တွေအပေါ် အခြေခံပြီး ထုတ်ပြန်ထားတာပါ။ ရမှတ် သုညဆိုရင် အဆိုးဆုံး နိုင်ငံလို့ ယူဆပြီး ပျော်စရာ အကောင်းဆုံးဆိုတဲ့ အမှတ်ပြည့်က တစ်ဆယ်မှတ် ဖြစ်ပါတယ်။

ဒီနှစ် ထုတ်ပြန်တဲ့ စာရင်းဟာ မနှစ်ကနဲ့ သိပ်ပြီး ကြီးကြီးမားမား ခြားနားချက် မရှိလှဘဲ ဖင်လန်က ၇.၈၂၁ မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဖင်လန်ရဲ့ အိမ်နီးချင်း စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ နော်ဝေး၊ အိုက်စ်လန်တို့ အားလုံး ပျော်စရာကောင်းတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ကြပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မနှစ်ကထက် ၃ ဆင့်တက်လာပြီး အဆင့် ၁၆ မှာ ရှိနေသလို နယူးဇီလန်က အဆင့် ၁၀၊ ဩစတြေးလျက အဆင့် ၁၁၊ ဗြိတိန်က အဆင့် ၁၇ အသီးသီး ချိတ်ကြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ စင်ကာပူက ပျော်စရာ အကောင်းဆုံးဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၇ မှာ ရပ်တည်နေပါတယ်။

၁၄၆ နိုင်ငံ ပါဝင်တဲ့ စာရင်းမှာ မြန်မာက ရမှတ် ၄.၃၉၄ မှတ်နဲ့ အဆင့် ၁၂၆ မှာ ရှိနေပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာရဲ့ အောက်ဆုံးအဆင့်ကို ရောက်နေတာကတော့ အာဖဂန် နစ္စတန်ဖြစ်ပြီး အမှတ် ၂.၄၀၄ မှတ်သာ ရတဲ့ထိ အခြေအနေ ဆိုးနေပါတယ်။

လက်ရှိ စစ်မက်ဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်းတို့ကတော့ အဆင့် ၈၀ နဲ့ ၉၈ နေရာတွေမှာ အသီးသီး ရပ်တည်နေကြောင်း သိရပါတယ်။

You May Also Like

နိုင်ငံတကာ

ပါတီမှာ မူးယစ်ဆေး သုံးစွဲပြီး အပြတ်ကဲခဲ့တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေကို ဖြေရှင်းတဲ့ အနေနဲ့ သူကိုယ်တိုင် ဆေးစစ်မှု ခံယူထားတယ်လို့ ဖင်လန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဗီဒီယို

ယာဉ်တန်းဟာ ဖင်လန်နဲ့ နယ်စပ်နားက ရုရှားမြို့ဖြစ်တဲ့ ဗိုင်ဘော့ဂ်ဆီ ဦးတည်နေခဲ့တာပါ။ ဖင်လန် အစိုးရက သူတို့ဟာ NATOနဲ့ ပေါင်းစည်းသွားမယ်လို့ ပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဒီယာဉ်တန်းကို တွေ့ရတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ဗီဒီယို

ဖင်လန်ကို လျှပ်စစ်ဓာတ်အား တင်ပို့မှု ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ RAO Nordicက ဒါဟာ နှစ်ပေါင်း ၂၀ ကြာ ကုန်သွယ်မှု သမိုင်းကြောင်းတလျှောက် ပထမဆုံး ကြုံရတဲ့ ထူးခြားဖြစ်စဉ်လို့ ပြောပါတယ်။ RAO Nordicဟာ ဖင်လန်ရဲ့ ဓာတ်အား သုံးစွဲမှု ၁၀ ရာခိုင်နှုန်းလောက်ကို...

နိုင်ငံတကာ

တကယ်လို့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေသာ NATO မဟာမိတ် အဖွဲ့ထဲ ပူးပေါင်း ဝင်ရောက်သွားမယ်ဆိုရင် ဘောလ်တစ် ပင်လယ်ထဲမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်သွားမယ်လို့ ရုရှားက ခြိမ်းခြောက်လိုက်ပါတယ်။