Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖင်လန်မှာ တန်းဆင်းသွားတဲ့ ဘောလုံးအသင်းရဲ့ ပွဲကြည့်စင်ကို ပရိသတ်တွေက မီးရှို့

ဖင်လန်နိုင်ငံမှာ အားပေးတဲ့ ဘောလုံးကလပ်က တန်းဆင်းသွားခဲ့တာကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်ကို မီးတင်ရှို့ခဲ့ကြပါတယ်။

ဖင်လန်နိုင်ငံမှာ အားပေးတဲ့ ဘောလုံးကလပ်က တန်းဆင်းသွားခဲ့တာကို ဒေါသထွက်နေတဲ့ ပရိသတ်တွေက ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်ကို မီးတင်ရှို့ခဲ့ကြပါတယ်။

ဖင်လန်မှာ ၉ ကြိမ်တိုင် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဟာကာ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဒုတိယတန်းကို တန်းဆင်းပြီး ယှဉ်ပြိုင်ရတော့မှာပါ။ အောက်တိုဘာလမှာ တန်းဆင်းခဲ့ရတဲ့ အခြေအနေက ပရိသတ်တွေကြားမှာ အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဗယ်လ်ကီယာကော့စကီး မြို့မှာရှိတဲ့ အသင်းပိုင် Factory Field အားကစားရုံထဲက ပွဲကြည့်စင်တစ်ခုကို ပရိသတ်တချို့က မီးရှို့ပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရဲတွေက သံသယရှိသူ ဆယ်ကျော်သက် ၃ ယောက်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီထဲကမှာ ၁၅ နှစ်အရွယ် လူငယ်တစ်ယောက်က ပွဲကြည့်စင်ကို သူက မီးစရှို့ခဲ့တာလို့ ဝန်ခံထားပါတယ်။

သုံးယောက်စလုံးက အသက်မပြည့်သေးတဲ့ လူငယ်တွေ ဖြစ်နေတာကြောင့် လက်ရှိ ဖင်လန်နိုင်ငံရဲ့ ဥပဒေတွေ အရတော့ စွဲချက်တင်လို့ မရဘဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ရဲတွေကတော့ အဲဒီ လူငယ်တွေကို မြှောက်ပေးခဲ့တဲ့ တခြားကြံရာပါတွေ ရှိသလား ဆိုတာကို စုံစမ်းနေပါတယ်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရတဲ့ ဘောလုံးကွင်းရဲ့ ပွဲကြည့်စင်တစ်ခုက လုံးဝဥဿုံ မီးကျွမ်းသွားပြီး အနီးမှာရှိတဲ့ မြက်ခင်းတု အစိတ်အပိုင်း တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဟာကာ အသင်းရဲ့ ဥက္ကဋ္ဌ မာကိုလာဆန်က ဒီလို အစွန်းရောက်တဲ့ ပရိသတ်မျိုးတွေကို အသင်းက မလိုချင်ဘူးလို့ ပြောပါတယ်။ သတင်းကြားပြီးတဲ့အခါ အသင်းကို ထောက်ခံအားပေးဖို့ ဆက်သွယ်လာတဲ့ ပရိသတ် အများအပြား ရှိခဲ့ကြောင်း၊ ဒီလို အားပေးမှုမျိုးကိုသာ အသင်းက လိုအပ်ကြောင်း သူက ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တိတိကျကျ မသိရသေးပေမယ့်လည်း ပမာဏတော့ မနည်းလောက်ဘူးလို့လည်း လာဆန်က မှတ်ချက်ပေးခဲ့ပါတယ်။

အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ အိုလီ ဟတ်တူနန်က စိတ်အလိုမကျမှု တစ်ခုကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို လက်လွတ်စပယ် ဖျက်ဆီးတဲ့ အမူအကျင့်မျိုးဟာ လက်ခံနိုင်စရာ မရှိကြောင်း၊ ဒါပေမဲ့ ကမ္ဘာကြီးကိုက အဲဒီလိုတွေ ဖြစ်နေကြောင်း ပြောကြားသွားပါတယ်။

မီးလောင်ထားတဲ့ ပွဲကြည့်စင်ရဲ့ ကျန်နေတဲ့ အပိုင်းတွေကိုလည်း အပြီးဖြိုချပစ်ရမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အသင်းတာဝန်ရှိသူတွေ၊ အာဏာပိုင်တွေနဲ့ အာမခံ ကုမ္ပဏီတို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ညှိနှိုင်း ဆန်းစစ်နေကြောင်း သိရပါတယ်။

ကိုးကား: The Sun

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖင်လန်နိုင်ငံမှာ ရဟတ်ယာဉ် နှစ်စီး ပျံသန်းရင်း တိုက်မိရာက လူ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

သတင်း

သုည/People’s Spring စစ်အာဏာရှင် နှစ်နိုင်ငံဖြစ်​သော ​မြောက်ကိုရီးယားနှင့် မြန်မာ အမျိုးသားလက်​ရွေးစဥ်​ဘောလုံးအသင်းတို့ပွဲစဥ် အပြီး စစ်​ကောင်စီလက်​ရွေးစဥ်အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှစ၍ စစ်အာဏာရှင်နိုင်ငံဖြစ်​နေ​သော မြန်မာ နှင့် ကမ္ဘာ့သိအာဏာရှင်နိုင်ငံ ​မြောက်ကိုးရီးယားတို့၏ လာအိုတွင် ယှဥ်ပြိုင်​သောပွဲစဥ်တွင် စစ်​ကောင်စီ၏လက်​ရွေးစဥ်အသင်းက ၄ ဂိုး...

နိုင်ငံတကာ

အမေရိကန်ကတော့ စာရင်းစတင် ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အပျော်ရွှင်ဆုံး ထိပ်တန်းနိုင်ငံ ၂၀ စာရင်းကနေ ပထမဆုံးအကြိမ် အဆင့်ကျသွားခဲ့ပြီး နံပါတ် ၂၃ နေရာမှာ ရပ်တည်နေပါတယ်။