Connect with us

Hi, what are you looking for?

News

ညောင်လေးပင်ခရိုင်တွင် KNU နှင့်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးသွားပြီး အလောင်းတစ်လောင်းကျန်ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို အတည်ပြုနိုင်သော်လည်း KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။

▪️ယာဉ်သုံးစီးကို ဖျက်ဆီးပြီး ယာဉ်နှစ်စီး၊လက်နက် ငယ် သုံးလက်နှင့် အလောင်းတစ်လောင်းရ၊ စစ်ကောင်စီတပ်များထွက်ပြေးသွားဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) နယ်မြေ ညောင်လေးပင်ခရိုင်တွင် KNUနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန် သည်။

ညောင်လေးပင်ခရိုင်၊ဆောထိမြို့နယ်၊ဝက်ဆီတောင်တွင်နယ်မြေသို့ ကျူးကျော်လမ်းဖောက်လုပ်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်းစီ၏ (ခမရ ၅၈၉)၊ယန္တယားတပ်ဖွဲ့များနှင့် မတ်လ ၁၅ရက် နံနက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ဘက်ခ်ဟိုး(၁)စီး၊ဒိုဇာ(၁)စီးနှင့် ယဉ်ငယ်(၁)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆီကား(၂)စီးနှင့် လက်နက်ငယ် MA3(၁)လက်၊MA2 (၂)လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးသွားပြီး အလောင်းတစ်လောင်းကျန်ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို အတည်ပြုနိုင်သော်လည်း KNU တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွား၍ အနီးအနားရှိ ထီးခေးလော်ကျေးရွာနှင့် ကလောသူးခီးကျေးရွာသူ၊ ရွာသားများ ထိတ်လန့်ကြောက်ရွံ့ပြီးထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် တပ်မဟာ(၃)နယ်မြေသို့ မတ်လ ၁၉ရက် နံနက်တွင် တိုက်လေယာဉ်ဖြင့် ကျေးရွာ ၂ခုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထု နေအိမ်များ ပျက်စီးခဲ့ ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။